Trending Now

ဖားကန့်တွင် အင်ဗာတာ အပူလွန်ကဲ၍ အဆောက်အဦးများ မီးလောင်

Spread the love

ဖားကန့်တွင် အင်ဗာတာ အပူလွန်ကဲ၍ အဆောက်အဦးများ မီးလောင်

 

EPN
ဖားကန့်၊မေ ၁၈

ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊နမ္မဖြစ်ကျေးရွာအနီးရှိ မင်္ဂလာတော်ဝင်ကုမ္ပဏီတွင် အင် ဗာတာအသုံးပြု၍ မီးသုံးစွဲရာမှ အပူလွန်ကဲသဖြင့် အဆောက်အဦးများ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယနေ့ မေလ(၁၈)ရက်၊နံနက်(ရး၃၀)အချိန်က အဆိုပါကုမ္ပဏီ၏ တာဝန်ခံ ဦးအောင်မျိုး သည် အင်ဗာတာအသုံးပြု၍ မီးသုံးစွဲရာမှ အပူလွန်ကဲသဖြင့် အသုံးပြုထားသော ဝါယာကြိုးမှတဆင့် အဆောက်အဦးပျဉ်ခင်းကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်တယ်လို့ လုံးခင်းကျေးရွာအုပ်စု အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ကုမ္ပဏီဝင်းထဲမှာ မနက်ပိုင်းမီးလောင်နေတာပေါ့။အဆောက်အဦး(၁)လုံး၊ဂိုဒေါင်(၁)လုံးနဲ့၊စက်ပြင်အဆောက်အဦး(၁)လုံးအပြင်၊ကား(၁)စီးနှင့်၊ဆိုင်ကယ် ၅ စီး မီးလောင်ကျွမ်းခဲ့တယ်လို့”မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါ မီးလောင်ရာသို့ ဖားကန့်မြို့နယ်စခန်းမှ ဦးစီးအရာရှိ ဦးပြေငြိမ်း ဦးဆောင်၍ သန္ဓေ(၉)ဦး၊အရန်(၁၅၀)ဦး၊မီးငြိမ်းသတ်ယာဉ်(၈)စီး၊ရေသယ်ယာဉ် (၁)စီး၊ကုမ္ပဏီရေသယ်ယာဉ်(၄)စီးဖြင့်၊မီးငြိမ်းသတ်ခဲ့ရာ နံနက်(၈း၃၀)အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပြီး၊လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ (၄ ၇၈၀ ၀၀၀)ကျပ်ဖြစ်ကြောင်း သိရပြီး၊မီးပေါ့ဆစွာသုံးစွဲသူ ဦးအောင်မျိုးကို ရာဇသတ် ကြီး ပုဒ်မ-၂၈၅နှင့်အညီ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

သတင်း#နောင်ရိုး
ဓါတ်ပုံ#တာလင်းမောင်(ပြန်/ဆက်)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။