Trending Now

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ဂျပန် ထောက်ပံ့မယ်

Spread the love

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ဂျပန် ထောက်ပံ့မယ်

EPN
နိုင်ငံတကာ၊ မတ် ၂

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဂျပန်သတင်းဌာနက ဖော်ပြထားပါတယ်။

ဂျပန်အစိုးရက မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီဟာ အရေးကြီး ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက်ရှိနေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ထောက်ပံ့ဖို့ ဂျပန်အစိုးရက စီစဉ်ထားပါတယ်။

တရားမဝင် ဆေးဝါးတွေ တိုက်ဖျက်ရေးဆိုင်ရာ အစီအမံတွေ အကောင်အထည်ဖော်ဖို့ အပြင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေမှာလည်း အကူအညီ ပေးမှာ ဖြစ်ပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Hayashi Yoshimasa က ဂျပန်ဟာ ကူညီထောက်ပံ့မှုတွေ ဆက်ပေးသွားပြီး အခက်အခဲတွေနဲ့ ကြုံတွေ့နေတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။