Trending Now

ထိုင်းနိုင်ငံရေးပါတီတွေ နဲ့ ဆန္ဒပြသူတွေကို ထိုင်းကာချုပ် သတိပေး

Spread the love

ထိုင်းနိုင်ငံရေးပါတီတွေ နဲ့ ဆန္ဒပြသူတွေကို ထိုင်းကာချုပ် သတိပေး 
 
EPN
နိုင်ငံတကာ၊ ဧပြီ ၃

ထိုင်းနိုင်ငံရေးပြသာနာတွေ နဲ့ပတ်သက်လို့ ထိုင်း နိုင်ငံရေးပါတီ အနေနဲ့ လွတ်တော်အတွင်းဆွေးနွေးအဖြေရှာသင့်တယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်ကဆိုပါတယ်။

ထိုင်းနိုင်ငံရေးပါတီတွေ အနေနဲ့  ပြည်သူတွေကို ဆန္ဒပြပွဲတွေဖြစ်အောင်လုပ်မယ့်အစား နိုင်ငံရေးပြသာနာကိုဆွေးနွေးအဖြေရှာသင့်တယ်လို့  ထိုင်းဗိုလ်ချုပ်ကြီး ခွန်ဆန်ပေါင်ကပြောပါတယ်။

လမ်းပေါ်ထွက်ဆန္ဒပြမှုတွေက ဒီမိုကရေစီကိုပုံပျက်ပန်းပျက်ဖြစ်စေကြောင်း၊ လမ်းပေါ်ထွက်ပြီး နိုင်ငံရေးမတူညီတဲ့အမြင်တွေ ဖြေရှင်းတာကိုခွင်ပြုမှာမဟုတ်ကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်ကဆိုပါတယ်။

ထိုင်းစစ်တပ်အနေနဲ့  စည်းမျဉ်းခံဘုရင့်စနစ်၊  ဘာသာရေး၊  နဲ့ နိုင်ငံ အင်စတီကျူးရှင်းတွေကို ကာကွယ်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ထိုင်း  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး  အပီရက်  ခွန်ဆန်ပေါင်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ  စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ရွေးကောက်ပွဲကို မတ်လ ၂၄ ရက်နေ့က  ကျင်းပခဲ့ရာ ရွေးကောက်ပွဲအပေါ် ပြစ်တင်ဝေဖန်မှုတွေရှိနေပါတယ်။  ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီးနောက် မဲရလဒ်တွေကိုအပြည့်အစုံမထုတ်ပြန်သေးမှုအပေါ်   နိုင်ငံတကာ   က ဝေဖန်နေပါတယ်။
—————————–

 
EPN







Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။