Trending Now

ဖားကန့်မြို့နယ်တွင် အသက်(၇)နှစ်အရွယ် KG ကျောင်းသားကလေးတစ်ဦး ရေဆင်းချိုးရင်း ရေနစ်မြုပ်သေဆုံး

Spread the love

ဖားကန့်မြို့နယ်တွင် အသက်(၇)နှစ်အရွယ် KG ကျောင်းသားကလေးတစ်ဦး ရေဆင်းချိုးရင်း ရေနစ်မြုပ်သေဆုံး

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၀ (၂၀၂၃)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ (၉) ရက်နေ့၊ ညနေပိုင်းအချိန်က KG ကျောင်းသား အသက် (၇) နှစ်အရွယ် ကလေးတစ်ဦး ကျောင်းမှအပြန် ရေးဆင်းကစားရင်း ရေနှစ်မြုပ် သေဆုံးခဲ့ကြောင်း ဖားကန့်မြို့နယ် လူမှုကယ်ဆေးရေး အသင်းထံမှသိရသည်။

အဆိုပါ ကလေးငယ်မှာ ကျောင်းဆင်းချိန် နေအိမ်သို့ပြန်လာစဉ် လုံးခင်းကျေးရွာအုပ်စု မြစိမ်း‌မြေဂေါက်ကလပ်ကွင်းကျင်းနံပါတ် 3 ရေကန်တွင် သူငယ်ချင်းဖြစ်သူနှင့် အတူ ရေဆင်းကစားခဲ့ရာ ရေနစ်မြုပ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ကလေးက အသက် (၇)နှစ်လောက်ပဲရှိတာ။ ကျောင်းဆင်းလာပြီး အိမ်မပြန်သေးဘဲ ရေဆင်းကစားတာ။ အဲ့ဒီကျင်းကလဲ အနက်ပိုင်းမှာ ၁၅ ပေလောက်နစ်မှာ။ ကလေးက ကမ်းနား ၈ ပေလောက်နစ်တဲ့နေရာမှာ ပဲကစားနေတာ။ မနေ့က နစ်ခဲ့တာ။ ဒီမနက်မှ ကလေးရဲ့မိဘတွေက လာရောက်အကူညီတောင်းတာ။ ၁၅မိနစ်လောက်ကြား ရေငုပ်ပြီး ရှာဖွေခဲ့ရတယ်။ ကလေးအလောင်းကိုတော့ တွေ့ရှိခဲ့တယ် ” ဟု ၎င်းကပြေသည်။

အဆိုပါ ကလေးငယ်မှာ အောင်ရာရပ်ကွက်နေ အသက် (၇)နှစ် အရွယ် မောင်မုန်ဒန်မောင် ဖြစ်ကြောင်းသိရသည်။
အလားတူ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းလုပ်ကွက်ဟောင်းများ၊ ရေကန်များအတွင်း ရေဆင်းကစားမှုများကြောင့် သေဆုံးသည့် ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။