Trending Now

အင်းတော်ကြီးဒေသဘက်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ ရှမ်းလူငယ်အများစုကိုအဓမ္မလူသစ်စုဆောင်း

Spread the love

အင်းတော်ကြီးဒေသဘက်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ ရှမ်းလူငယ်အများစုကိုအဓမ္မလူသစ်စုဆောင်း

EPN
မိုးညှင်း၊ ဇန်နဝါရီ ၁၇ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးမြို့၊ နန့်မွန်းမြို့ အနီးရှိ ကျေးရွာအုပ်စုများတွင် KIA၊ PDF ပူးပေါင်းအဖွဲ့က ရှမ်းလူငယ်အများစုကို အဓမ္မလူသစ်စုဆောင်မှုများ ပြုလုပ်နေကြောင်း ‌အင်းတော်မြို့ ဒေသခံများကဆိုသည်။

” ကျွန်တော်တို့ ဒီဘက်တွေမှာ လူငယ်တွေ မနေရဲကြတော့ဘူး။ တစ်ရွာကို လူငယ်ဘယ်လောက်လယ ပေးရမယ်ဆိုပြီး အတင်းအဓမ္မ လုပ်နေတယ်။ ညဆိုလည်း အိမ်တွေအထိ လိုက်ပြီးဆွဲနေတယ်။ ရှမ်းလူငယ်တွေ အများဆုံး လူသစ်ဆွဲခံ ထိနေတယ် ” ဟု ၎င်းကပြောသည်။

အင်းတော်ကြီးမြို့၊ နန့်မွန်းမြို့ အနီးရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ နေ့၊ ည အချိန်မရွေး နေ့စဉ် လူသစ်စုဆောင်းခြင်းများ လုပ်ကိုင်နေ၍ ကျေးရွာအတွင်းက လူငယ်၊ လူရွယ် အများစုသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

ယမန်နေ့ ည ၁၁နာရီ အချိန်ခန့်ကလည်း မိုင်းပုတ်ကျေးရွာနှင့် တုံပင်ကျေးရွာအတွင်းက လူငယ်၊ လူရွယ် ဆယ်ဦးကျော်ကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ နေအိမ်များအထိ လိုက်လံ၍ လူသစ်စုဆောင်းမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

အင်းတော်ကြီးမြို့၊ နန့်မွန်းမြို့အနီးရှိ ကျေးရွာအုပ်စုများမှ ဒေသခံ လူငယ်၊ လူရွယ်များကို KIA၊ PDF ပူးပေါင်းအဖွဲ့က လူသစ်ဆွဲခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်နေ၍ ဒေသခံပြည်သူများအနေဖြင့် အားကိုးရာမဲ့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကစ၍ မိုးညှင်းမြို့နယ်အတွင်း လူသစ်စုဆောင်းသွားသည့် လူငယ်များကို ပြန်လည်လွတ်ပေးခြင်းမရှိသကဲ့သို့ ငွေကြေးဖြင့်လည်း ရွေးယူခွင့် မရရှိဘဲ ၎င်းတို့ထံတွင် လက်နက်ကိုင်ကာ တပ်မတော်အား ပုန်ကန်တော်လှန်ရန် အတင်းအဓမ္မ စေခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်း ကိစ္စရပ်များ ဖြစ်ပွားနေ၍ မိုင်းပုတ်၊ တုံပင်၊ မမှုံကိုင်၊ မိုင်းနောင်၊ ရွှေလက်ပါ၊ နန့်မွန်း၊ အင်းတာ၊ ဟဲပါ၊ ဟဲပု၊ လုံဆ၊ မုဒ်ဝ၊ ပန်လှနှင့် ညောင်ပင် စသည့် ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများသည် အဆိုပါ ဖြစ်စဉ်များကို တာဝန်ရှိအဖွဲ့အစည်းများ အနေဖြင့် အမြန်ဆုံး တားစီးပေးရန် ဒေသခံများက လိုလားနေကြသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။