Trending Now

တရုတ်နိုင်ငံတွင် တတိယထပ် အဆောက်အအုံတစ်ခုမှ လျှပ်စစ်ကားတစ်စီး ပြုတ်ကျခဲ့ပြီး လူနှစ်ဦး သေဆုံး

Spread the love

တရုတ်နိုင်ငံတွင် တတိယထပ် အဆောက်အအုံတစ်ခုမှ လျှပ်စစ်ကားတစ်စီး ပြုတ်ကျခဲ့ပြီး လူနှစ်ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၂၄

တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Nio က လျှပ်စစ်ကားတစ်စီးဟာ ရှန်ဟိုင်းမြို့မှာရှိတဲ့ ကုမ္ပဏီဌာနချုပ် တတိယထပ်ကနေ မတော်တဆ ပြုတ်ကျခဲ့ပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ တတိယထပ်ဧရိယာ ကားစမ်းသပ်ခန်းတစ်ခုမှာ မနေ့က ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာပြီးပြီး မတော်တဆမှုအတွင်းမှာ ဝန်ထမ်းတစ်ဦးနဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုက လူတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ Nio ကုမ္ပဏီက ပြောပါတယ်။

“ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အများပြည်သူ လုံခြုံရေးဌာနနဲ့ ပူးပေါင်းပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီး ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာရဲ့ အခြေအနေကို ခွဲခြမ်းစိတ်ဖြာမှုအရတော့ ဒါဟာ ယာဉ်ကြောင့်မဟုတ်တဲ့ မတော်တဆမှု ဖြစ်တယ်လို့ ကနဦး အတည်ပြုနိုင်ပါတယ်။ ” လို့ ကုမ္ပဏီက ဆိုပါတယ်။

ကုမ္ပဏီက ကြေညာချက်ရဲ့ နောက်ဆုံးစာကြောင်းက ယာဉ်ကြောင့်မတော်တဆ ဖြစ်ပွားခဲ့တာ မဟုတ်ဘူးဆိုတဲ့ စာသားကြောင့် တရုတ်လူမှုကွန်ရက်အသုံးပြုသူတွေကြားမျာ ဒေါသထွက်နေတဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

“သူတို့ စမ်းသပ်ယာဉ်မောင်း က ယာဉ်ကိုစမ်းသပ်ဖို့လာတယ်၊ ဒါပေမယ့် မတော်တဆမှု က ယာဉ်နဲ့ဘာမှမဆိုင်ဘူးလို့ ဆိုတာ အဓိပါယ်မရှိပါဘူး ကုမ္ပဏီက တမင်သက်သက်ရှောင်ထွက်ဖို့လုပ်နေတာပဲ” လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

ကုမ္ပဏီက “ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အရမ်းဝမ်းနည်းရပြီး ဆုံးပါးသွားတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ဝန်ထမ်းတွေကို အထူးဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို ကူညီဖို့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပါတယ်” လို့ ပြောပါတယ်။

Nio ဟာ တရုတ်နိုင်ငံ လျှပ်စစ်ကား ထုတ်လုပ်မှုလုပ်ငန်းရဲ့ ရှေ့ပြေးကုမ္ပဏီတစ်ခုဖြစ်ပြီး လျှပ်စစ်ကားတွေရဲ့ မကြာခဏအားသွင်းရတာတွေကို ဖြေရှင်းဖို့ အလွယ်တကူ ဖြုတ်နိုင်တပ်နိုင်တဲ့ ဘထရီတွေကို သူတို့ရဲ့ ကားတွေမှာ တပ်ဆင်ထားပါတယ်။

အမေရိကန်အခြေစိုက် လျှပ်စစ်ကားထုတ်လုပ်သူ Elon Musk နဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ Nio ကုမ္ပဏီဟာ တရုတ်ရဲ့ နာမည်ကြီးကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။

Source – ABC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။