Trending Now

ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသသို႔ သယံဇာတဝန္ႀကီး ဒုတိယအႀကိမ္ ကြင္းဆင္းစစ္ေဆး

Spread the love

ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသသို႔ သယံဇာတဝန္ႀကီး ဒုတိယအႀကိမ္ ကြင္းဆင္းစစ္ေဆး
EPN
ဖားကန္႔၊ ေဖေဖာ္ဝါရီ၂၁
ကခ်င္ျပည္နယ္အစိုးရအဖြဲ႔မွ သယံဇာတနွင့္သဘာဝပါတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ ဝန္ႀကီးဦးဒါရွီလဆိုင္းဦးေဆာင္၍ ေဖေဖာ္ဝါရီ(၂၁)ရက္ ေန႔လည္ပိုင္းအခ်ိန္က ဖားကန္႔ေက်ာက္စိမ္းတြင္းေဒသ၏
အေျခအေနမ်ားအား ဒုတိယအႀကိမ္ ကြင္းဆင္းစစ္ ေဆးမႈမ်ား ျပဳလုပ္ေၾကာင္းသိရသည္။
ဝန္ႀကီးသည္ ေဒသခံျပည္သူလူထု၏အခက္အခဲမ်ား၊ေရမေဆးေက်ာက္ရွာေဖြသူမ်ား၏တင္ျပမႈမ်ားကို ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီမ်ားအား လမ္းညႊန္၍ အတက္နိုင္ဆံုး ကူညီေဆာင္ရြက္ေပးသြားမည္႔အေၾကာင္းကို ဖားကန္႔ၿမိဳ႕က ယခင္ လူထုေတြ႔ဆံုပြဲတြင္ ထည့္သြင္းေျပာၾကားခဲ႔သည္။
ကြင္းဆင္းစစ္ေဆးရာတြင္ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ကြက္မ်ားရွိရာ ေမွာ္ဝမ္းႀကီး၊ေမွာ္ဝမ္းေလးေဒသရွိလုပ္ကြက္မ်ား၊သာယာကုန္းေက်းရြာအနီးတြင္ ေျမစာစြန္႔ပစ္ေနမႈအေျခအေန၊ဆန္ခါေက်းရြာနွင့္မဇြပ္ယန္ေက်းရြာအနီးတြင္ ေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီမ်ား စုေပါင္းေျမစာစြန္႔ပစ္မႈေၾကာင့္၊အဆိုပါေဒသမွ ေနထိုင္သူမ်ားစိုးရိမ္မႈရွိေနသည့္အတြက္ ယင္းအေျခအေနမ်ား မျဖစ္ေပါ ္ေစရန္ တာဝန္ရွိသူမ်ားအားေတြ႔ဆံုမွာၾကားသည္။
ထို႔ေနာက္ ဆန္ခါေက်းရြာအနီးရွိ ပ်က္စီးေနသည့္ ေခ်ာင္းကူးတံတားအားသြားေရာက္ၾကည့္႐ႈခဲ႔ၿပီး၊ေမွာ္စီစာေက်းရြာအနီးရွိ စြန္႔ပစ္ေျမစာပံုတြင္ ေျမစာေလ်ွာက်မႈေၾကာင့္ ေရမေဆးေက်ာက္ရွာသူမ်ားအႏၲရာယ္ျဖစ္ေပါ ္မႈထပ္မံမေပါ ္ေပါက္ေစရန္ ေက်ာက္စိမ္းရံုး(လံုးခင္း)မွ တာဝန္ရွိသူမ်ားအား ေျပာၾကားသည္။
ဒုတိယအႀကိမ္က်င္းပသည့္ ကခ်င္ျပည္နယ္လႊတ္ေတာ္(၁၄) ႀကိမ္ေျမာက္ပံုမွန္အစည္းအေဝးတြင္ ဖားကန္႔ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဒါရွီလဆိုင္းအေနျဖင့္ သယံဇာတနွင့္သဘာဝပါတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးအျဖစ္ ခန္႔အပ္တာဝန္ေပးအပ္ရာမွ ယခုခရီးစဥ္မွာ ၎၏မဲဆႏၵနယ္မွျပည္သူလူထုအတြက္ ရက္ေပါင္း(၁၅)ရက္အတြင္း ဒုတိယအႀကိမ္ ကြင္းဆင္းစစ္ေဆးျခင္းျဖစ္ေၾကာင္း ခရီးစဥ္မွတ္တမ္းမ်ားအရသိရသည္။
ေနာင္ရိုး
————————————————-
ဖားကန့်ကျောက်စိမ်းတွင်းဒေသသို့ သယံဇာတဝန်ကြီး ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေး
EPN
ဖားကန့်၊ ဖေဖော်ဝါရီ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ကြီးဦးဒါရှီလဆိုင်းဦးဆောင်၍ ဖေဖော်ဝါရီ(၂၁)ရက် နေ့လည်ပိုင်းအချိန်က ဖားကန့်ကျောက်စိမ်းတွင်းဒေသ၏ အခြေအနေများအား ဒုတိယအကြိမ် ကွင်းဆင်းစစ် ဆေးမှုများ ပြုလုပ်ကြောင်းသိရသည်။
ဝန်ကြီးသည် ဒေသခံပြည်သူလူထု၏အခက်အခဲများ၊ရေမဆေးကျောက်ရှာဖွေသူများ၏တင်ပြမှုများကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများအား လမ်းညွှန်၍ အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည့်အကြောင်းကို ဖားကန့်မြို့၊လူထုတွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များရှိရာ မှော်ဝမ်းကြီး၊မှော်ဝမ်းလေးဒေသရှိလုပ်ကွက်များ၊သာယာကုန်းကျေးရွာအနီးတွင် မြေစာစွန့်ပစ်နေမှုအခြေအနေ၊ဆန်ခါကျေးရွာနှင့်မဇွပ်ယန်ကျေးရွာအနီးတွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ စုပေါင်းမြေစာစွန့်ပစ်မှုကြောင့်၊အဆိုပါဒေသမှ နေထိုင်သူများစိုးရိမ်မှုရှိနေသည့်အတွက် ယင်းအခြေအနေများ မဖြစ်ပေါ ်စေရန် တာဝန်ရှိသူများအားတွေ့ဆုံမှာကြားသည်။
ထို့နောက် ဆန်ခါကျေးရွာအနီးရှိ ပျက်စီးနေသည့် ချောင်းကူးတံတားအားသွားရောက်ကြည့်ရှုခဲ့ပြီး၊မှော်စီစာကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံတွင် မြေစာလျှောကျမှုကြောင့် ရေမဆေးကျောက်ရှာသူများအန္တရာယ်ဖြစ်ပေါ ်မှုထပ်မံမပေါ ်ပေါက်စေရန် ကျောက်စိမ်းရုံး(လုံးခင်း)မှ တာဝန်ရှိသူများအား ပြောကြားသည်။
ဒုတိယအကြိမ်ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော်(၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဖားကန့်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းအနေဖြင့် သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရာမှ ယခုခရီးစဉ်မှာ ၎င်း၏မဲဆန္ဒနယ်မှပြည်သူလူထုအတွက် ရက်ပေါင်း(၁၅)ရက်အတွင်း ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း ခရီးစဉ်မှတ်တမ်းများအရသိရသည်။
နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။