Trending Now

အမေရိကန် ကယ်လီဖိုးနီးယားတွင် လေယာဉ်နှစ်စီးတိုက်မိ၍ လူအများအပြား သေဆုံးမည်ကို စိုးရိမ်နေ

Spread the love

အမေရိကန် ကယ်လီဖိုးနီးယားတွင် လေယာဉ်နှစ်စီးတိုက်မိ၍ လူအများအပြား သေဆုံးမည်ကို စိုးရိမ်နေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၉

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားလေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားသည့် လေယာဉ်ငယ် ၂ စီး တိုက်မိပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း တွင် ကြာသပတေးနေ့က Watsonville မြို့ရှိဒေသဆိုင်ရာလေဆိပ်တစ်ခုသို့ လေယာဉ်ငယ်နှစ်စင်း ဆင်းသက်ရန် ကြိုးပမ်းစဉ် ဝင်ရောက်တိုက်မိခဲ့ပြီး လိုက်ပါလာသူ နှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး သေဆုံးသူဦးရေ မြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။

လေဆိပ်သို့ ဆင်းသက်ရန်ကြိုးပမ်းခဲ့သည့် အပျော်စီး Cessna 152 နှင့် အင်ဂျင်နှစ်လုံးတပ် Cessna 340 တို့သည် ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် မြို့ပိုင်လေဆိပ်တွင် လေယာဉ်ဆင်းသက်ရန်နှင့် ထွက်ခွာရန် ထိန်းချုပ်မျှော်စင် မရှိကြောင်း သိရသည်။

ပျက်ကျစဉ် အင်ဂျင်နှစ်လုံးတပ် Cessna 340 တွင် လူနှစ်ဦးသာ လိုက်ပါခဲ့ပြီး Cessna 152 တွင် လေယာဉ်မှုးတစ်ဦးသာ လိုက်ပါခဲ့ကြောင်း ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲရေးမှ သိရသည်။ သေဆုံးသူ အများအပြားရှိကြောင်း တာဝန်ရှိသူများက ကနဦးတွင် ပြောကြားခဲ့သည်။

အဆိုပါလေဆိပ်တွင် ပြေးလမ်း လေးခုရှိပြီး လေယာဉ် ၃၀၀ ကျော် ထားရှိရာ နေရာဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။