Trending Now

ဆိုင်ကယ်အသစ်ဈေးနှုန်း စံချိန်တင်မြင့်တက်လာသည့်အတွက် တစ်ပတ်ရစ်ဆိုင်ကယ်များ အရောင်းအဝယ်ဖြစ်

Spread the love

ဆိုင်ကယ်အသစ်ဈေးနှုန်း စံချိန်တင်မြင့်တက်လာသည့်အတွက် တစ်ပတ်ရစ်ဆိုင်ကယ်များ အရောင်းအဝယ်ဖြစ်

EPN
မြစ်ကြီးနား၊ မတ်လ ၇

ကိုဗစ်ကာလအခြေအနေမျာကြောင်း နယ်စပ် ကုန်သွယ်မှုများရပ်နားထားသည့်အတွက် ဆိုင်ကယ်ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာမှုကြောင့် ကချင်ပြည်နယ်အတွင်း တစ်ပတ်ရစ်(Second) ဆိုင်ကယ်များသာ အရောင်းအဝယ်ဖြစ်နေကြကြောင်း ကချင်ပြည်နယ်အတွင်းရှိ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိ နယ်စပ်ဂိတ်များတွင် ဆိုင်ကယ်တင်သွင်းခွင့်သက်တမ်းများ ထပ်မံချထားပေးခြင်းမရှိသည့်အပြင် ငွေကြေးဖောင်းပွမှုများကြောင့် ဆိုင်ကယ်အသစ်ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာပြီး ဝယ်ယူသူနည်းပါးနေကြောင်း မြစ်ကြီးနားမြို့ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

” ကိုဗစ်ကြောင့် ပစ္စည်းသစ်တွေ တင်သွင်းခွင့်မရတော့ ကျန်တဲ့ဆိုင်ကယ်တွေပဲရောင်းနေရတယ် အဲ့ဒီလိုဖြစ်နေတုန်းငွေဈေးက လည်းထပ်တက်လာတော့ တရုတ်ဘီး 125 တွေဆို အရင်ထက် ၅ သိန်းဝန်းကျင်လောက်ထိ ဈေးတက်သွားတော့ တော်တော်များများက အသစ်မဝယ်ကြတော့ဘူး”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်မှုများကြောင့် Showroomများတွင် အသစ်ဝယ်ယူသူ ထက်ဝက်ခန့်နည်းပါးလာပြီး တစ်ပတ်ရစ်(second) ဆိုင်ကယ် ဝယ်ယူသူ များလာကြောင်း မြစ်ကြီးနားမြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

” အသစ်ဈေးတွေက အရင်နဲ့မတူတော့ဘူး၊အရင်က (၈)သိန်းတန်တဲ့ ဆိုင်ကယ်ဆိုရင် အခုက (၁၃)သိန်းကျော်ထိရောက်သွားတယ်၊ ဒီတော့ အရင်က အသစ်ဝယ်ယူနေကြသူတွေလဲ ဒီ Second ဘက်ကိုလှည့်လာကြတယ်” ဟု ဆိုင်ကယ်ဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။

ယခင်က တရုတ်နိုင်ငံထုတ် canda 125 ဆိုင်ကယ် အသစ်ဈေးနှုန်းမှာ (၇)သိန်းကျော်ရှိခဲ့သော်လည်း လက်ရှိတွင် (၁၂)သိန်းကျော်အထိ ဈေးမြင့်တက်နေသလို မော်ဒယ်မြင့် ယိုးဒယား CLICK ဘီးများမှာလည်း လိုင်စင်အပါအဝင် သိန်း ၅၀ ဝန်းကျင်အထိ ဈေးရှိလာကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။