Trending Now

တနိုင်းမြို့တွင် လမ်းဖြတ်ကူးလာသည့်အမျိုးသမီးနှစ်ဦးကို ကားတစ်စီးမှဝင်တိုက်

Spread the love

တနိုင်းမြို့တွင် လမ်းဖြတ်ကူးလာသည့်အမျိုးသမီးနှစ်ဦးကို ကားတစ်စီးမှဝင်တိုက်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ ညနေပိုင်းက လမ်းဖြတ်ကူးလာသည့် အမျိုးသမီးနှစ်ဦးကို ကားတစ်စီးမှ ဝင်တိုက်ပြီး စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ ညနေပိုင်းအချိန် တနိုင်း-မိုင်ခွန်သွား လမ်းဘေးရှိ ရွှေဝါဖြိုး (အပေါင်ဆိုင်)နှင့် အောင်မြင့်မိုရ် ကားဝပ်ရှော့အနီးတွင် ထင်းစီးများပိုးလာသည့် အမျိုးသမီးနှစ်ဦးမှာ လမ်းဖြတ်ကူးနေချိန် အနောက်ဘက်မှ ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူတစ်ဦးထံမှ သိရသည်။

“အမျိုးသမီးနှစ်ယောက်က ထင်းတွေထမ်းပြီး လမ်းဖြတ်ကူးနေတဲ့အချိန် အနောက်ကနေ ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်လိုက်တာ။ တိုက်ခံရတဲ့ နှစ်ယောက်က အခြေအနေ စိုးရိမ်ရတယ်။ အခု ဆေးရုံမှာ ဆေးကုသနေတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကားတိုက်ခံရသူ အသက် (၅၀)ဝန်းကျင်ရှိ ဒေါ်ဆီးရီးနှင့် ဒေါ်ယဥ်ဟန်းမှာ စိုးရိမ်ရ အခြေအနေ ရှိသည့်အတွက် ဆေးကုသမှု ခံယူနေပြီး၊ ကားဖြင့်ဝင်တိုက်သူ အသက် (၂၄)နှစ်ရှိ စိုးမိုးကျော် (ခ) ဖြူဖွေးအား ကားနှင့်အတူ ဖမ်းဆီးထားရှိကာ တနိုင်းမြို့မရဲစခန်းတွင် ပ-၂/၂၀၂၄ (ပုဒ္မ- ၃၃၇/၃၃၈) အရ အမှုဖွင့် အရေးယူထားရှိ ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။