Trending Now

နန့်စီးအောင်တွင် စိတ်ကြွဆေးပြားသုံးထောင်ခန့်နှင့်အတူ အမျိုးသားတစ်ဦးအား လက်ရဖမ်းဆီးရမိ

Spread the love

နန့်စီးအောင်တွင် စိတ်ကြွဆေးပြားသုံးထောင်ခန့်နှင့်အတူ အမျိုးသားတစ်ဦးအား လက်ရဖမ်းဆီးရမိ

EPN
မိုးညှင်း၊ ဇွန် ၂၃

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာနေ အမျိုးသား တစ်ဦးအား ပန်းရောင်စိတ်ကြွဆေးပြား ၃ထောင်ခန့်နှင့်အတူ လက်ရ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူထားကြောင်း မိုးညှင်းမြို့မ ရဲစခန်းက သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး များကို မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာနေ ရဲရင်ဆွေ ဆိုသူ၏ နေအိမ်၌ ဇွန်လ(၂၂)ရက်၊ နေ့လယ်(၁)နာရီခွဲအချိန်ခန့် မိုးညှင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ ရဲအုပ်ထွန်းလှိုင်နှင့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ပန်းရောင်စိတ်ကြွဆေးပြား (၁၉၀)ပြားပါ (၁၅)ထုပ် စုစုပေါင်း ဆေးပြား (၂၈၅၀)ပြား ဖြစ်ကြောင်းနှင့် ယင်းမူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်ဆေးဝါး ရောင်းရငွေဟု ယူဆရသည့် ငွေကျပ် ၈ သိန်းကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရှိ ဖမ်းဆီးရမိခဲ့သည့် ရဲရင့်ဆွေ(၃၈)နှစ်၊ (ဘ)ဦးဟန်ရှိန် နန့်စီးအောင်ကျေးရွာ၊ မိုးညှင်းမြို့နယ် နေထိုင်သူအား လက်ရှိတွင် မိုးညှင်းမြို့မရဲစခန်းမှ မယ (ပ)၉၇/၂၀၂၀ ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။