Trending Now

တနိုင်းမြို့တွင် အမျိုးသားတစ်ဦးနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

တနိုင်းမြို့တွင် အမျိုးသားတစ်ဦးနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၁၃ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် အမျိုးသားတစ်ဦးနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ မတ်လ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တနိုင်းမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ လမုန်ကျေးရွာနေ ဦးမင်းထွန်း၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇၅ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၇ ဒဿမ ၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” မနေ့က ဖမ်းမိတာဟုတ်တယ်။ တာဝန်ရှိသူတွေက သတင်းရလို့ သူ့နေအိမ်ကို သွားစစ်‌ဆေးတဲ့အချိန် ဖမ်းမိသွားတာ။ တနိုင်းမှာလည်း မူးယစ်ဆေးတွေ ရောင်းဝယ်နေကြတာ များနေပြီ။ အခုလိုဖမ်းသင့်တာ ကြာပြီ ” ဟု ၎င်းကဆိုသည်။

ယင်းဖမ်းဆီးရမိသူ မင်းထွန်း (ခ) ချင်းတွင်းသား (၄၁)နှစ်အား တနိုင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

တနိုင်းမြို့တွင် မူးယစ်ဆေးရောင်းချသူ များပြားလာပြီး၊ လူငယ်များလည်း ပျက်စီးမှု များပြားလာသည့်အတွက် ယင်းကဲ့သို့ မူးယစ်ဆေးဝါး ရောင်းချနေသည့် ကွင်းဆက်တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။