Trending Now

နေပြည်တော် တပေါင်းကွင်း၌ MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချပွဲကို (၅) ရက်ကြာ ကျင်းပမည်

Spread the love

နေပြည်တော် တပေါင်းကွင်း၌ MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသ ရောင်းချပွဲကို (၅) ရက်ကြာ ကျင်းပမည်

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၉ (၂၀၂၄)

နေပြည်တော်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများလခင်းကျင်းပြသ ရောင်းချပွဲကို (၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲအား နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ တိုင်းနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် EV ဆိုင်ရာလျှပ်စစ်ယာဉ်များ၊ ရိုးရာအစားအစာများကို (၅)ရက်ကြာ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ပြပွဲကာလအတွင်း၌ ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး၊ တိုင်းရင်းသားများ၏ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ပြပဲသို့ လာရောက်လေ့လာ ဝယ်ယူလိုသူများ အနေဖြင့် ပြပွဲကာလအတွင်း၌ နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ လွတ်လပ်စွာ လာရောက်နိုင်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။