Trending Now

မြစ်ကြီးနား၌ ရက်ပိုင်းအတွင်း ဓါတ်ဆီ တစ်လီတာလျှင် ၃၀၀ ကျပ် နီးပါးအထိ ပြန်လည် မြင့်တက်

Spread the love

မြစ်ကြီးနား၌ ရက်ပိုင်းအတွင်း ဓါတ်ဆီ တစ်လီတာလျှင် ၃၀၀ ကျပ် နီးပါးအထိ ပြန်လည် မြင့်တက်

EPN
မြစ်ကြီးနား ၊ သြဂုတ်

မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်အတွင်းမြို့နယ် အသီးသီး၌ ရက်ပိုင်းအတွင်း ဓါတ်ဆီ တစ်လီတာလျှင် ၂၀၀ ကျပ်ကျော်ထိ မြင့်တက်လာကြောင်း သိရသည်။

” ဒီ ၂ ရက်အတွင်းမှာကို ဓါတ်ဆီက တစ်လီတာကို ၂၅၀ လောက်ထိ တက်သွားတယ်တစ်ချို့ ဆီဆိုင်တွေက ဆီပြတ်နေတာရယ် အကန့်အသတ်နဲ့ရောင်းပေးနေတာရယ်ကြောင့် ဆက်တက်ဦးမယ် ထင်တယ် ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြိုပေါ် စက်သုံးဆီအရောင်းဆိုင်တချို့ ယခုရက်ပိုင်း စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေသလို အချို့ပန့်ဆိုင်များမှာလည်း ညနေ ၄ နာရီဝန်းကျင်ထိသာ ရောင်းချပေးလျက်ရှိကြောင်း မြို့ခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်က တစ်လီတာ ဈေးနှုန်းအနေဖြင့် ဓါတ်ဆီ (92) ၁၇၄၀ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့သော်လည်း လက်ရှိတွင် တစ်လီတာ ၁၉၈၅ ကျပ်ရောင်းချနေသလို အချို့ဆိုင်များမှာ ၂၁၀၀ ဝန်းကျင်အထိ ဈေးမြင့်ရောင်းချမှုများရှိနေကြောင်း သိရသည်။

“ရည်ညွှန်းဈေးနဲ့ ရောင်းတဲ့ ပန့်ဆိုင်တွေက ညနေဘက်ဆို အစောကြီးပိတ်ကုန်တယ် တချို့ဆိုင်တွေကျ ဆီဈေးကျတဲ့နေ့ဆို ဆိုင်တော့မပိတ်ထားဘူး ဆိုင်အဝကနေ လက်ခါပြပြီး ဆီမရှိဘူး နောက်နေ့မှ ရောက်မယ်ဆိုပြီး လုပ်စားနေကြတာ” မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းမြင့်တက်မှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် သယ်ယူပို့ဆောင်ခ နှုန်းထားများကို မြင့်တက်လာသလို အထွေထွေကုန်ဈေးနှုန်းများ၏ ဈေးနှုန်းမှာလည်း ထက်မံမြင့်တက်လာနိုင်သည့်အတွက် ဝင်ငွေနည်းပါးသည့် အခြေခံပြည်သူများအပေါ်ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း မြို့ခံများထံမှ သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။