Trending Now

ရုရှားတပ်မတော်အင်အားကို ၂ သန်းကျော်အထိ ပူတင်မြှင့်တင်

Spread the love

ရုရှားတပ်မတော်အင်အားကို ၂ သန်းကျော်အထိ ပူတင်မြှင့်တင်

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၆

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာတဲ့ကာလ ၇ လထဲကို ဝင်ရောက်လာတဲ့အချိန်မှာ ရုရှား တပ်မတော်အင်အားကို တိုးမြှင့်ဖိုအတွက် ရုရှားသမ္မတဗလာဒီမာပူတင်က သြဂုတ်လ ၂၅ ရက်နေ့က အမိန့်တစ် ရပ်လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

လာမယ့်နှစ် ၂၀၂၃ ခုနှစ်ကစပြီး ရုရှားတပ်မတော်ဟာ စစ်မှုထမ်း ၁.၁၅ သန်းအပါအဝင် အင်အား ၂ သန်းကျော် ရှိလာမှာဖြစ်ကြောင်း အစိုးရဝက်ဆိုက်မှာတင်ထားတဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်တုန်းက သမ္မတပူတင်ဟာ ရုရှာတပ်မတော်အင်အားကို စစ်မှုထမ်းအင်အား ၁.၀၁ သန်းအပါအဝင် အင်အား ၁.၉ သန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

စစ်အင်အားတိုးမြှင့်ရတဲ့အကြောင်းရင်းကို အမိန့်ထဲမှာဖော်ပြထားတာမရှိပေမဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားတပ်ဖွဲဝင်တွေက နယ်မြေသိမ်းပိုက်နိုင်ရေးကြိုးပမ်းဆောင်ရွက်နေစဉ်အတွင်း အခုလို စစ်အင်အားတိုးမြှင့် တဲ့အမိန့်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

ဒီအမိန့်ဟာ ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးတင်းမာနေတဲ့အချိန်မှာထွက်ပေါ်လာတဲ့ အမိန့်လည်း ဖြစ်ပါတယ်။ ယူကရိန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေက ရုရှားကို စီးပွားရေးအရေးယူပိတ်ဆိုမှု တွေချမှတ်ခဲ့ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့အမိန့်အရ လာမယ့်နှစ်မှာ ရုရှားတပ်မတော်ဟာ စစ်မှုထမ်းအင်အား ၁,၁၅၀,၆၂၈ အပါအ ဝင် အင်အား ၂,၀၃၉,၇၅၈ ရှိလာမှာဖြစ်ပါတယ်။

Ref: Putin Increases Russian Army Headcount to Over 2 Million and Putin issues decree to increase army’s standard strength by 137,000 as of 2023

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။