Trending Now

ပူတာအိုတွင် ဓာတ်ဆီလာခိုးရာမှ ဆိုင်ကယ်ကျန်ခဲ့သည့်သူခိုး ရုပ်ဖျက်၍ ဆိုင်ကယ် လာပြန်ယူစဉ် အဖမ်းခံရ

Spread the love

ပူတာအိုတွင် ဓာတ်ဆီလာခိုးရာမှ ဆိုင်ကယ်ကျန်ခဲ့သည့်သူခိုး ရုပ်ဖျက်၍ ဆိုင်ကယ် လာပြန်ယူစဉ် အဖမ်းခံရ

EPN
မြစ်ကြီးနား ၊ဇွန် ၃၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့ တွင် ဓာတ်ဆီလာခိုးရာမှ ဆိုင်ကယ်ကျန်ခဲ့သည့်အတွက် ရုပ်ဖျက်၍ ဆိုင်ကယ်ပြန်လာယူစဉ် ဖမ်းဆီးခံရသည့်ဖြစ်စဉ် တစ်ခု ဇွန်လ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်(၃)ရှိ နေအိမ်တစ်အိမ်မှ ဓာတ်ဆီများကို အမျိုးသားတစ်ဦးမှ နံနက် ၃ နာရီအချိန်ခန့်တွင် ဆိုင်ကယ်ဖြင့် လာရောက်ခိုးယူရာ အိမ်ရှင်မှ အသံကြား၍ လိုက်လံဖမ်းဆီးရာမှ ဆိုင်ကယ်နှင့်အတူ ပစ္စည်းများ ကျန်ရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ပြီးနောက် ဇွန်လ ၂၈ ရက်နေ့တွင် ဓာတ်ဆီလာခိုးသည့်သူမှာ ကျန်ခဲ့သည့်ဆိုင်ကယ်အား ပြန်လာယူရန် အခြားတစ်ယောက်ကဲ့သို့ ဟန်ဆောင်ပြီးနေအိမ်အတွင်း ဝင်ရောက်ကာ “ကျွန်တော့်သူငယ်ချင်းက သူ့ဆိုင်ကယ် ဒီအိမ်မှာပေါင်ထားတယ်လို့ပြောလို့လာကြည့်တာ”ဟု ပြောရာတွင် အိမ်ရှင်မှ ဓာတ်ဆီခိုးခဲ့သူဖြစ်ကြောင်း ရိပ်မိ၍ ဖမ်းဆီးခြင်းမပြုသေးပဲ ဆိုင်ကယ်ကို ပိုက်ဆံတစ်သိန်းဖြင့် လာရွေးရန်ပြောဆိုမှုကြောင့် ပိုက်ဆံသွားယူမည်ဟုပြောပြီး ပြန်ထွက်သွားချိန်အတွင်း အိမ်ရှင်မှ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီးနောက် အဆိုပါ အမျိုးသား ပြန်လည်ရောက်ရှိချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အဲ့သူခိုးက အကြံနဲ့ပြန်လာတာ၊ သူခိုးခဲ့တာက စနေနေ့ကဟုတ်တယ်၊ အဲ့နေ့ကမဖမ်းမိလိုက်ဘူး၊ သူ့ဆိုင်ကယ်က ချန်ထားခဲ့တာ၊ နောက်နေ့တော့ သူဆိုင်ကယ်ပြန်လိုချင်လို့ သူ့သူငယ်ချင်းဆိုင်ကယ် ဒီအိမ်မှာပေါင်ထားတယ်ဆို ဆိုပြီးအိမ်ထဲကိုတန်းဝင်လာပြီးပြောတော့ အိမ်ရှင်ကသူပဲဆိုတာရိပ်မိပြီး ရဲခေါ်ဖမ်းခိုင်းတာ”ဟု အနီးအနားရှိ ဒေသခံတစ်ဦးကပြောဆိုသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။