Trending Now

တရုတ်၏ ခြိမ်းခြောက်မှုများကြောင့် အမေရိကန်ထံမှ ဟာပွန်း သင်္ဘောဖျက်ဒုံးကျည်များ ဝယ်ယူရန် ထိုင်ဝမ် စီစဉ်

Spread the love

တရုတ်၏ ခြိမ်းခြောက်မှုများကြောင့် အမေရိကန်ထံမှ ဟာပွန်း သင်္ဘောဖျက်ဒုံးကျည်များ ဝယ်ယူရန် ထိုင်ဝမ် စီစဉ်

EPN
နိုင်ငံတကာ၊ မေ ၂၈

တရုတ်နိုင်ငံမှ ခြိမ်းခြောက်မှုများ ပိုမိုရှိလာခြင်းကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်နိုင်ငံထံမှ လက်နက် ဝယ်ယူမှုဖြစ်သည့် တပ်မတော်ကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် ထိုင်ဝမ်က မြေ ပြင်အခြေပြု ဘိုအင်းကုမ္ပဏီလုပ် ဟာပွန်း သင်္ဘောဖျက်ဒုံးကျည်များ ဝယ်ယူရန်စီစဉ်လျက်ရှိသည်။

ကမ္ဘာ့တိုင်းပြည်အများစုကဲ့သို့ အမေရိကန်နိုင်ငံက ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးမရှိသော် လည်း ကိုယ့်ကိုကိုယ်ကာကွယ်ရန် ထိုင်ဝမ်ကျွန်းသို့ ဉပဒေအရ ပံ့ပိုးကူညီပေးသည်။

တရုတ်နိုင်ငံက ဒီမိုကရေစီနည်းလမ်းတကျ အုပ်ချုပ်သည့် ထိုင်ဝမ်ကို ယင်း၏ပိုင်နက်အဖြစ် အခိုင်အမာ ပြောကြားပြီး အမေရိကန်၏ လက်နက်ရောင်းချမှုများကို ရှုတ်ချခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့အတွက် အသုံးပြုရန် ထိုင်ဝမ်က အမေရိကန်နိုင်ငံမှ ဟာပွန်းဒုံးကျည်များ ဝယ်ယူ ရန်စီစဉ်နေသည်ဟု လွှတ်တော်၌ မေးခွန်းများဖြေကြားရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ချန်ချီပင်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက ဟာပွန်းဒုံးကျည်များရောင်းချရန် သဘောတူလျင် ထိုင်ဝမ်က ၂၀၂၃ ခုနှစ်တွင် အဆို ပါဒုံးကျည်များ လက်ခံရရှိမည်ဟု ၄င်းက ပြောသည်။

တရုတ်ရေတပ်နှင့်လေတပ်က ထိုင်ဝမ်အနီး လေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ခြင်းကဲ့သို့ တရုတ်နိုင်ငံ၏ တိုးမြှင့် လာသော ခြိမ်းခြောက်မှုများကြောင့် ထိုင်ဝမ်က ကာကွယ်ရေးစွမ်းပကားကို အဆင့်မြှင့်တင်လျက်ရှိသည်။
ထိုင်ဝမ်တပ်မတော်ကို အမေရိကန်လုပ် လက်နက်များဖြင့် တပ်ဆင်ထားသော်လည်း တရုတ်နိုင်ငံက အင် အားသာလွန်မှုပိုရှိပြီး ကိုယ်ပျောက်တိုက်လေယာဉ်များ ကဲ့သို့သော ကိုယ်ပိုင်ကကွယ်ရေးပစ္စည်းများ ထုတ်လုပ်နိုင်သည်။

အမေရိကန်အစိုးရသည် ပြီးခဲ့သည့်အပတ်က ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၈၀ တန်ကြေးရှိ ခေတ်မီ တော်ပီဒိုများရောင်းချရန် ကွန်ဂရက်သို့ အကြောင်းကြားခဲ့ရာ အမေရိကန်နှင့်တရုတ်ကြား ရှိယင်းစွဲတင်းမာမှုများ ကို ပိုဆိုးရွားစေခဲ့သည်။

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်သို့ ပိုမိုပံ့ပိုးလာမှုကို ရှုတ်ချခဲ့သည်။ တရုတ်နိုင်ငံက ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်းကို ထိုင်ဝမ်၏ တရားဝင် လွတ်လပ်ရေးကြေညာမှုကြောင့် ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထား သည်။

–ကိုးကား–
ရိုက်တာ
Ref; Taiwan eyes further US arms purchases with new anti-ship missile


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။