Trending Now

မြစ်ကြီးနား-ဖားကန့်သွားလမ်း ပိတ်ထား၍ ရှောင်ကွင်းလမ်းမှ သွားလာနေရ

Spread the love

မြစ်ကြီးနား-ဖားကန့်သွားလမ်း ပိတ်ထား၍ ရှောင်ကွင်းလမ်းမှ သွားလာနေရ

EPN
မြစ်ကြီးနား၊ ဧပြီ ၁၀ (၂၀၂၄)

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းရှိ နန့်ယားစုပေါင်းဂိတ်အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ ယမန့်နေ့၊ နံနက်အစောပိုင်းက လာရောက်တိုက်ခိုက်သည့်အတွက် မြစ်ကြီးနား-ဖားကန့် လမ်းကိုပိတ်ထားသောကြောင့် ရှောင်ကွင်းလမ်းမှ ခက်ခက်ခဲခဲ သွားလာနေရကြောင်း ကားဆရာများက ဆိုသည်။

မြစ်ကြီးနား-ဖားကန့် လမ်းပေါ် ရှိ နန့်ယားစုပေါင်းဂိတ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဟိုပင်၊ လုံးတုံ ဘက်မှ ခက်ခက်ခဲခဲ သွားလာနေရကြောင်း မြစ်ကြီးနား-ဖားကန့် ပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ပြောသည်။

” အရင်လို လိုင်းကားအများကြီး မထွက်ဘူး။ ရှောင်ကွင်းလမ်းက သွားရတယ်ဆိုတော့ ကားအနိမ့်တွေ သွားဖို့မလွယ်ဘူး။ ခရီးသည် သီးသန့်လောက်ပါမှ ထွက်ဖြစ်တယ်။ လမ်းကဆိုးတယ်။ တိုက်ပွဲအခြေအနေကြည့်ပြီး ထွက်နေရတယ် ” ဟု ၎င်းက‌ရှင်းပြသည်။

မြစ်ကြီးနား-ဖားကန့် လမ်းပေါ် ရှိ နန့်ယားစုပေါင်းဂိတ်တွင် တိုက်ပွဲဖြစ်ပွားနေ၍ အတက်အဆင်းကားများကို ယမန်နေ့ ကစ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် ရှောင်ကွင်းလမ်းကို အသုံးပြု၍ ခက်ခက်ခဲခဲ သွားလာနေရကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ နန့်ယားစုပေါင်းဂိတ်နှင့် ဆယ်ဇင်းကျေးရွာတို့တွင် ယမန်နေ့ကစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ သွားရေးလာရေး အခက်အခဲများ ရှိနေကြပြီး၊ အချို့ဒေသခံများမှာ နီးစပ်ရာ စစ်ရှောင်စခန်းများသို့ တိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။