Trending Now

ဧရာဝတီ၌ NUG ၊ PDF အဖွဲ့အစည်းများကို အားပေး ကူညီထောက်ပံ့သူ ၁၄ ဦး ကို ဖမ်းဆီးခံရ

Spread the love

ဧရာဝတီ၌ NUG ၊ PDF အဖွဲ့အစည်းများကို အားပေး ကူညီထောက်ပံ့သူ ၁၄ ဦး ကို ဖမ်းဆီးခံရ

EPN
ပုသိမ်၊ အောက်တိုဘာ ၂၅ (၂၀၂၃)

ဧရာဝတီတိုင်းတွင် တစ်လအတွင်း NUG ၊ PDF အဖွဲ့အစည်းများကို အားပေးကူညီ ထောက်ပံ့နေသည့် ဒေသခံ ၁၄ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တစ်လအတွင်း NUG၊ PDF စသည့် အဖွဲ့အစည်းများနှင့် ပတ်သက် ဆက်သွယ်ကာ အားပေးကူညီနေသည်ဟုဆိုကာ ဟင်္သာတ၊ ဇလွန်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ပုသိမ်၊ မအူပင်၊ စသည့် မြို့နယ်များမှ ဒေသခံ ၁၄ ဦးဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း
သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

”ဥပဒေနဲ့အညီ စစ်ဆေးစရာရှိလို့ ဖမ်းတာလို့ သိရတယ်။ အခု အဖမ်းခံရတဲ့သူတွေက လူငယ်တွေပါ။သူတို့ပြောတာက NUG နဲ့ PDF က အကြမ်းဖက် အဖွဲ့တွေတဲ့ အဲ့ဒီ အဖွဲ့တွေနဲ့ ပတ်တာ တွေရှိလို့ ဖမ်းတာပါတဲ့။ ပတ်သက်မှုမရှိရင် စိတ်ပူနေရာမလိုပါ။ တာဝန်ရှိသူတွေက ဥပဒေနဲ့ အညီ စစ်ဆေးစရာရှိတာ စစ်ဆေးမှာပါ။” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသည့်ဒေသခံ ၁၄ ဦးမှာ အသက်၂၀ ဝန်းကျင် အရွယ်လူငယ်မျိုးသား ၉ ဦးနှင့် အသက် ၂၂ အရွယ် ဝန်းကျင်လူငယ် အမျိုးသမီး ၅ ဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လ တစ်လအတွင်းကလည်း ဧရာဝတီတိုင်းတွင် MUG ၊ PDF အဖွဲ့အစည်များနှင့် ပတ်သက်သည်ဟု ဆိုကာ ဒေသခံ လူငယ် ၁၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း လည်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။