Trending Now

SPIC/ ACHC ကုမ္ပဏီမှ လော်ဝေါ်နှင့် လာချိတ် တိုင်းရင်းသားစာပေနှင့် ရိုးရာ ယဉ်ကျေးမှု ကော်မတီများသို့ အလှူငွေများ ပေးအပ်

Spread the love

SPIC/ ACHC ကုမ္ပဏီမှ လော်ဝေါ်နှင့် လာချိတ် တိုင်းရင်းသားစာပေနှင့် ရိုးရာ ယဉ်ကျေးမှု ကော်မတီများသို့ အလှူငွေများ ပေးအပ် 

EPN
မြစ်ကြီးနား၊ မေ ၂၀

SPIC/ ACHC ကုမ္ပဏီမှ လော်ဝေါ်နှင့် လာချိတ် တိုင်းရင်းသားစာပေနှင့် ရိုးရာ ယဉ်ကျေးမှု ကော်မတီများသို့ ယခုမေလ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် အလှူငွေ ကျပ်သိန်း ၅၀ စီ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

SPIC/ ACHC ကုမ္ပဏီအနေနှင့် ဒေသခံ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေး အတွက် ထောက်ပံ့လှူဒါန်းရခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ မြစ်ကြီးနားဆက်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်မတို့ SPIC/ACHC ကုမ္ပဏီအနေနဲ့ ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံကို အန္တရာယ်ကင်းရှင်းစွာ လည်ပတ်ခြင်းနဲ့ တည်ငြိမ်သော လျှပ်စစ်ထုတ်လုပ်ပေးခြင်းများကို အခြေခံကာ ဒေသခံတိုင်းရင်းသားလူမျိုး များနှင့် ရင်းနှီးစွာ ပေါင်းတင်းဆက်ဆံလျှက်ရှိပါတယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းများများ၊ လူမှုဖွံ့ဖြိုးရေးလုပ်ငန်း များတတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ကာ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး အတွက် စွမ်းဆောင်ပေးနေပါတယ်၊ အခုလဲ ဒေသခံတိုင်းရင်သားတို့ရဲ့ ရိုးရာယဉ်ကျေးမှု ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးခြင်း ဖြစ်ပါတယ်” ဟု ၄င်းက ပြောပြသည်။

လက်ရှိတွင် SPIC/ ACHC ကုမ္ပဏီအနေနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ပေးလျှက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၊ ကိုဗစ်နိုင်တင်း ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့တွင် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ပြည်သူ့ဝန်ထမ်း၊ ဌာနဆိုင်ရာရုံးများ၊ ဘာသာရေးကျောင်းများ တွင် ကှိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းလျှက်ရှိကြောင်း သိရသည်။

ကေသီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။