Trending Now

ရန်သူ ၂၅ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ မင်းသားဟယ်ရီရဲ့ပြောဆိုမှုကို တာလီလန်အဖွဲ့ ဒေါသတကြီးဝေဖန်

Spread the love

ရန်သူ ၂၅ ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ မင်းသားဟယ်ရီရဲ့ပြောဆိုမှုကို တာလီလန်အဖွဲ့ ဒေါသတကြီးဝေဖန်

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၇

ဗြိတိန်မင်းသားဟယ်ရီက ၎င်းရဲ့ ဘဝအတွေ့အကြုံမှတ်တမ်းစာအုပ်မှာ ရန်သူတိုက်ခိုက်ရေးသမား ၂၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်းထုတ်ဖော်ပြောကြားလိုက်တာကို တာလီဘန်ထိပ်တန်းအဖွဲ့ဝင်တွေက ဇန်နဝါရီလ ၆ ရက် နေ့က ဒေါသတကြီးတုံ့ပြန်လိုက်ပါတယ်။

တော်ဝင်မင်းသားဟယ်ရီနဲ့ ဇနီးဖြစ်သူမက်ဂန်းတို့ဟာ ရာစုနှစ်ပေါင်းများစွာသက်တမ်းရင့်လာပြီဖြစ်တဲ့အင်စတီ ကျူးရှင်းကို အံတုဖက်ပြိုင်တဲ့ ၎င်းတို့ရဲ့ထင်ပေါ်ကျော်ကြားမှုကို ဖော်ပြဖို့ကြိုးစားနေတဲ့အချိန်မှာ မင်းသား ဟယ် ရီရဲ့ Spare လို့ အမည်ပေးထားတဲ့စာအုပ်မှာပြောဆိုခဲ့တာကို တာလီဘန်အဖွဲ့ဝင်တွေက ချက်ချင်းဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်မင်းသားဟယ်ရီသတ်ဖြတ်ခဲ့တဲ့သူတွေဟာ စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတွေမဟုတ်ဘဲ လူသားတွေ ဖြစ်ကြောင်း တာလီဘန်အဖွဲ့ရဲ့ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အန်းနက်ဟက်ခါးနီက ၎င်းရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

“အဲဒီလူတွေဆီမှာ သူတို့အိမ်ပြန်လာမယ့်အချိန်ကိုစောင့်နေတဲ့ သူတို့ရဲ့မိသားစုဝင်တွေရှိပါတယ်။ အာဖဂန် လူသတ်သမားတွေကြားမှာ သူတို့ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက် ခင်ဗျားလို ယဉ်ကျေးသိမ်မွေ့စွာ လိပ်ပြာမလုံဘဲဖွင့်ဟဝန်ခံထုတ် ဖော်ပြောဆိုတဲ့သူ သိပ်များများစားစားရှိတာ မဟုတ်ပါဘူး။” လို့ ၎င်းကပြော ပါတယ်။

မင်းသားဟယ်ရီက ၎င်းရဲ့စာအုပ်ထဲမှာ “အဲဒီလူ ၂၅ ဦးကို သာမန်ပြည်သူတွေလို့မယူဆဘဲ စစ်တုရင်ခုံကဖယ် ရှားခံလိုက်ရတဲ့ နယ်ရုပ်ကလေးတွေလို့သာ သဘောထားပြီး လူကောင်းတွေကို သတ်ဖြတ်မယ့် လူဆိုး တွေကို သုတ်သင်ရှင်းလင်းလိုက်တာသာဖြစ်တယ်လို့” ရေးသားခဲ့ကြောင်း Sky News အပါအဝင် ဗြိတိန်သတင်းဌာန သုံးလေးခုက ရေးသားဖော်ပြခဲ့ပါတယ်။

အနှစ်နှစ်ဆယ်အတွင်း အာဖဂန်စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေ ထောင်ပေါင်းများစွာသေဆုံးခဲ့ ပြီးနောက် တာလီဘန်အဖွဲ့ဟာ အနောက်နိုင်ငံတွေကထောက်ပံ့ပေးထားတဲ့ အာဖဂန်အစိုးရကို ၂၀၂၁ ခုနှစ်မှာ ဖြုတ်ချခဲ့ပါတယ်။

၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်မှာ ရှေ့တန်းလေကြောင်းထိန်းချုပ်ရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်ရဲ့ တွဲဖက်ရဟတ်ယာဉ်မှူးနဲ့သေနတ်သမားအဖြစ်တာဝန်ထမ်းဆောင် ခဲ့တဲ့ ဟယ်ရီက “စစ်သားအများစုဟာ တိုက်ပွဲဖြစ်ပွားနေချိန်မှာ စဉ်းစားဖို့အချိန်မရှိဘဲ ပစ်ခတ်နေရတာမို့လို့ သူ တို့ လူဘယ်နှယောက်ပစ်သတ်ခဲ့တယ်ဆိုတာကို တိတိကျကျ မသိပါဘူး။” လို့ ပြောပါတယ်။

ဒါပေမဲ့ အပါချီရဟတ်ယာဉ်တွေနဲ့ လက်တော့ပ်တွေအသုံးပြုနေတဲ့ခေတ်မှာတော့ အာဖဂန်နစ္စတန်မှာ စစ်ဆင် ရေးတာဝန်ထမ်းဆောင်နေစဉ်အတွင်း ၎င်းလုပ်ဆောင်ခဲ့သမျှကို မှတ်တမ်းတင်ထားခဲ့တယ်လို့ ဟယ်ရီက ပြော ပါတယ်။

“ကျွန်တော် ရန်သူဘယ်နှယောက်သတ်ခဲတယ်ဆိုတာ အမြဲတမ်း တိတိကျကျပြောနိုင်ပါတယ်။ အဲဒီစာရင်းတွေ အတွက်လည်း ကျွန်တော်စိုးရိမ်ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ တပ်မတော်ထဲမှာ ကျွန်တော်လေ့လာသင်ယူခဲ့ သမျှအရာတွေထဲမှာ အရေးအကြီးဆုံးအရာတစ်ခုကတော့ ကျွန်တော့်လုပ်ရပ်အတွက် ကျွန်တော်တာဝန်ခံနိုင်ဖို့ ပါပဲ။” လို့ ၎င်းက ပြောပါတယ်။

ဟယ်ရီရဲ့ ဝန်ခံချက်ဟာ ၎င်းတစ်ယောက်တည်းအတွက် သက်သေမဟုတ်ဘဲ အာဖဂန်နစ္စတန်ကိုသိမ်းပိုက် ထားစဉ်ကာလက နိုင်ငံခြားတပ်တွေအားလုံး အဲဒီလို ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတာကို သက်သေခံ လိုက်တာပဲဖြစ်တယ်လို့ တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဘီလယ်ခါရီမီက ပြောပါတယ်။

အာဖဂန်လူမျိုးတွေဟာ အဲဒီလိုစစ်ရာဇဝတ်မှုတွေကို ဘယ်တော့မှ မေ့ပျောက်ပစ်မှာမဟုတ်ဘဲ သူတို့တိုင်းပြည် ကို ဆက်လက်ကာကွယ်သွားမှာဖြစ်တယ်လို့ ဘီလယ်ခါရီမီက ပြောပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကတော့ “လုံခြုံရေးအခြေအနေအရ စစ်ဆင်ရေးဆိုင်ရာအ ချက်အလက်အသေးစိတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှပြောကြားမှာ မဟုတ်ပါဘူး။” လို့ပြောပါတယ်။

လူသိထင်ရှားတဲ့ဗြိတိန်စစ်မှုထမ်းဟောင်းတွေကလည်း မင်းသားဟယ်ရီရဲ့ ပြောဆိုချက်တွေကို ဝေဖန်လိုက်ပြီး အခုလိုလူသိရှင်ကြားဖွင့်ဟဝန်ခံလိုက်တာဟာ ဟယ်ရီရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို ထိခိုက်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

Ref: Taliban criticize Prince Harry’s claim he killed 25 fighters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။