Trending Now

ဗန်းမောက်မြို့နယ်တွင်မိုးသက်လေပြင်းများကျရောက်၍ သစ်ကိုင်းကျိုးကျရာမှ အမျိုးသားတစ်ဦးသေဆုံး

Spread the love

ဗန်းမောက်မြို့နယ်တွင်မိုးသက်လေပြင်းများကျရောက်၍ သစ်ကိုင်းကျိုးကျရာမှ အမျိုးသားတစ်ဦးသေဆုံး

EPN

ဗန်းမောက်၊ မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် တွင်ယမန်နေ့ မွန်းလွှဲ၁နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးလေပြင်များတိုက်ခတ်ခဲ့မူကြောင့် လယ်နက်ကြီးအုပ်စု နားယကာကျေးရွာနေအမျိုးသားတစ်ဦး အပေါ်သစ်ကိုင်းကျိုးကျခဲ့ပြီးသေဆုံးသွားခဲ့ကြောင်းစေတနာလူမူကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဥ်မှာမေလ၁ရက်နေ့ မွန်းလွှဲ၁နာရီခွဲအချိန်ခန့်တွင်ဗန်းမောက်မြို့နယ်အတွင်း၌မိုးသည်းထန်စွာရွားသွန်းခဲ့ပြီးလေပြင်းများတိုက်ခတ်ခဲ့မူကြောင့်နားယကာကျေးရွာနေ ဦးဝင်းမြင့်(၅၀)နှစ်သည်အိမ်သာတက်အပြန်မန်ကျည်းပင်အောက်အရောက်တွင်မန်ကျည်းပင်အကိုင်းမှာ ဦးဝင်းမြင့်ဦးခေါင်းပေါ်သို့ထိုးကျခဲ့သဖြင့်ဦးခေါင်းနှင့်ရင်ဘတ်တို့တွင်ဒဏ်ရာများရရှိကာယင်းနေရာ၌ပင်သေဆုံးသွားခဲ့သောကြောင့်စေတနာလူမူကူညီရေးအသင်းကားဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်းပေးခဲ့ရကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်အတွင်း၌ ဧပြီလ၁၄ရက်ညနေ၅နာရီခွဲနှင့်ဧပြီလ၁၆ရက်နေ့ည၇နာရီအချိန်ခန့်များတွင်လည်းမိုးသက်လေပြင်းများတိုက်ခတ်ခဲ့မူကြောင့်ကျောက်တန်းအုပ်စု နားမော်ကျေးရွာ၌အိမ်ခြေ(၃၀)လုံး၊ပေါက်နက်ကုန်းကျေးရွာတွင်အိမ်ခြေ(၁၉)လုံး၊ပါယကျေးရွာတွင်အိမ်ခြေ(၃)လုံး၊ကိုင်းကြီးကျေးရွာတွင်အိမ်ခြေ(၅)လုံး၊မံလောင်ပေပင်အုပ်စု လွင်ကြီးကျေးရွာတွင်အိမ်ခြေ(၂)လုံးနှင့်ပင်ဟင်းခါးကျေးရွာအုပ်စု ရွှေကျောင်းကျေးရွာတွင်အိမ်ခြေ(၃)လုံးအမိုးများလှန်ကာယိုင်နဲ့ပျက်စီးဆုံးရူံးခဲ့ရပြီးအချို့ကျေးရွားများသို့သွယ်တန်းထားသောလျှပ်စစ်မီးတိုင်များကျိုးကျမူဖြစ်ကာ လျှပ်စစ်မီးများပြတ်တောက်ခဲ့မူများရှိကြောင်းကျေးရွာဒေသခံများ
ထံမှသိရသည်။

လိူင်ဘွား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။