Trending Now

”မြေယာကျူးကျော်ခံနေရသည်” ဟုဆိုကာ ဖားကန့်ပြည်သူ ခြောက်ဦး မြစ်ကြီးနား၌ ဆန္ဒပြ

Spread the love

”မြေယာကျူးကျော်ခံနေရသည်” ဟုဆိုကာ ဖားကန့်ပြည်သူ ခြောက်ဦး မြစ်ကြီးနား၌ ဆန္ဒပြ

EPN
မြစ်ကြီးနား၊ မတ် ၂၃

ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း ဒေသတွင် ကျောက်စိမ်းကုမ္ပဏီအချို့က မြေယာကျူးကျော်ထားသည် ဟုဆိုကာ လုံးခင်းဒေသခံခြောက်ဦးက ယနေ့ (မတ် ၂၃)ရက်နေ့ မြစ်ကြီးနား၌ ဆန္ဒထုတ်ဖာ်ခဲ့ကြသည်။

ယင်းကျူးကျော်ခံအိမ်ခြံမြေသည် ဦးအောင်အောင်နှင့် ဇနီးဒေါ်ခင်စန်းတင့်တို့မြေနေရာဖြစ်ပြီး ယခင်အစိုးရလက်ထက် ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းထက်လက်က ယင်းမြေနေရာသည် အစိုးရပိုင် ဖြစ်ကြောင်းနှင့် မည်သည့်ကုမ္ပဏီမှ မပိုင်ဆိုင်ကြောင်း ညွန်ကြားမှု ရှိခဲ့သော်လည်း လက်ရှိတွင် ယင်းမြေနေရာကို ကျောက်စိမ်းကုမ္ပဏီအချို့ က ကျူးကျော်ထားကြောင်းနှင့်သက်ဆိုင်ရာက တရားဥပဒေနှင့်မကိုက်ညီသည့် ဆောင်ရွက်မှုများရှိနေခြင်းကြောင့် ယခုကဲ့သို့လာရောက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သူ ဦးထွန်းဦးက ဆိုသည်။

”မြေကြီးမှာမရှိတဲ့ ဦးပိုင်အမှတ်တွေနဲ့မြေစာရင်းဌာနက (၁၀၅/ ၁၀၆) ထုတ်ပေးတယ်။ သူတို့ကို ဆွဲပေးတယ်။ ဒါပေမယ့် သူတို့ရဲ့ (၁၀၅/၁၀၆)မှာရှိတဲ့ဟာက ကျွန်တော်တို့ရဲ့ဟာ မဟုတ်ဘူး။ အဲ့ဒါကို ကျွန်တော်တို့ဟာဆိုပြီးတော့မှ သူတို့ကအတင်းလုပ်တယ်”ဟု ဦးထွန်းဦးက ပြောသည်။

ယင်းမြေနေရာကို ကုမ္ပဏီအနေဖြင့် (၁၀၅/၁၀၆)ပြုလုပ်ကာ ဖားကန့်မြို့နယ် တရားရုံးတွင် (၂၀၁၆)ခုနှစ်ကတရားဆွဲဆိုခဲ့ပြီး ၂၀၁၇ တွင် အမိန့်ချမှတ်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါ်ခင်စန်းတင်တို့အနေဖြင့် ပြည်နယ်တရားလွှတ်တော်အထိ တက်ရောက်ဖြေရှင်းခဲ့ကြောင်းလည်း ဦးထွန်းဦးက ယခုကဲ့သို့ပြောဆိုသည်။

”အမိန့်မချခင်ကတည်းက ဒီတရားလိုတင်ထားတဲ့ (၁၀၅/ ၁၀၆)ဟာ မြေကြီးမှာမရှိပါဘူး။ ဒါကြောင့်နောက်ဆုံးလျှောက် လဲချက်မှာ ကွင်းဆင်းကြည့်ရှူပေးဖို့တရားရုံးမှာ တင်ပြတယ်တောင်းဆိုတယ်။ ဒါပေမယ့်တရားရုံးက ပျက်ကွက်ခဲ့တယ်။ ဒါကြောင့် ခရိုင်တရားရုံးမှာ တင်တယ်။ နောက်ဆုံး ကချင်ပြည်နယ်တရားလွှတ်တော်မှာ တင်တယ် ဒါပေမယ့် မြေကြီးမှာ မရှိတဲ့ ဒီ (၁၀၅/ ၁၀၆) ကြီးကိုအနိုင်ပေးလိုက်တယ်။”ဟု ဆန္ဒပြဦးဆောင်သူ ကိုထွန်းဦးက ပြောသည်။

ယနေ့လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာတွင် ”ဖားကန့်အုပ်ချုပ်ရေးမှူး မှားယွင်းမှု ဖြေရှင်းပေး၊ ဖားကန့်မြေစာရင်း မှားယွင်းမှုဖြေရှင်းပေး၊ ဖားကန့်တရားရေး မှားယွင်းမှု ဖြေရှင်းပေး”စသည့် ကြွေးကြော်သံများကို အသုံးပြုခဲ့ပြီး မတ်လ(၂၄) ရက်နေ့အထိ ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။