Trending Now

လက်ဘက်ရည်ဆိုင်မှာ သောက်နေတဲ့ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရ

Spread the love

လက်ဘက်ရည်ဆိုင်မှာ သောက်နေတဲ့ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရ

EPN
တီးတိန် ၊ ဧပြီ ၇

ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူဟာ ဧပြီ ၆ ရက် ၊ မနေ့ညက ၇ နာရီခွဲ ဝန်းကျင်းအချိန်မှာ လပ်ဘက်ရည်ဆိုင်ထိုင် သောက်နေတုန်း သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ တီးတိန်မြို့ခံ ပြည်သူတွေဆီက သိရပါတယ်။

” မြို့မရပ်ကွက်ထဲက ရွှေခေတ် မြန်မာ လက်ဘက်ရည်ဆိုင်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်လင်းထွန်းနဲ့ ပထမ ပုဂ္ဂလိက ဘဏ်မန်နေဂျာ ဦးမျိုးမင်းဆွေတို့ ၂ ဦး လက်ဘက်ရည်သောက်နေတုန်း ၊ ဆိုင်ကယ်နဲ့ လူတွေရောက်လာပြီး ၊ မြို့နယ် အုပ်ချုပ်ရေးမှုးကို သေနတ်နဲ့ ပစ်တာ ” လို့ တီးတိန်မြို့၊ မြို့မ ရပ်ကွက္နေ ဒေသခံ ပြည်သူတစ်ယောက်က ပြောပါတယ်။

တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ဖလမ်းခရိုင် ထွေအုပ် အသိုင်းအဝိုင်းက ပြောတာက ” မနက်ပိုင်းက စာမေးပွဲဖြေတဲ့အချိန် စာသင်ကျောင်းထဲ ဗုံးကွဲတယ် ၊ တီးတိန်မြို့မှာက မငြိမ်သက်ဘူးဆိုတာ အချက်ပြနေတဲ့အချိန်ကာလမှာ မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်အနေနဲ့ လုံခြုံရေးသတိ ရှိဖို့တော့ကောင်းတယ် ၊ သူကိုယ်တိုင်က လုံခြုံရေး ပေါ့လျော့တာတွေ မဖြစ်သင့်ဘူး ၊ မြို့နယ်အုပ်ချုပ်ရေးရဲ့ ပုံရိပ် ထိခိုက်တယ် ” လို့ ဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်လင်းထွန်းဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေရခဲ့ပြီး ပြည်သူ့ဆေးရုံမှာ အရေးပေါ် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်းက တီးတိန်မြို့ ၊ စကောလမ်းရပ်ကွက္မှာရှိ အမှတ် ၁ အထက်တန်းကျောင်းမှာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေတဲ့အချိန် ကျောင်းဝန်းထဲမှာ ပေါက်ကွဲမှု တခုဖြစ်ပေါ်ခဲ့ပါသေးတယ်။

အဲ့ဒီလို တီးတိန်မြို့ပေါ်မှာ ပေါက်ကွဲတာ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရတယ်ဆိုတာပဲ EPN က သတင်းသိရှိရပြီး ဘယ်အဖွဲ့အစည်းက ဘာအတွက် ပစ်ခတ်တယ်ဆိုတာ အခုအချိန်အထိ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။