Trending Now

မလေးရှားနိုင်ငံမှာ ရေကြီးမှုကြောင့် လူပေါင်း ၂၆,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ

Spread the love

မလေးရှားနိုင်ငံမှာ ရေကြီးမှုကြောင့် လူပေါင်း ၂၆,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရ

EPN
နိုင်ငံတကာ၊ မတ် ၂

အိမ်ခေါင်မိုးတွေပေါ်မှာ ပိတ်မိနေတဲ့ မိသားစုတွေကို ကယ်ဆယ်ရေးသမားတွေက လှေတွေနဲ့ ကယ်ဆယ်ခဲ့ပြီး ကျေးရွာတွေနဲ့ မြို့တွေက လူပေါင်း ၂၆,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အိမ်နီးချင်း စင်္ကာပူနိုင်ငံ တောင်ပိုင်း ဂျိုဟော ပြည်နယ်ဟာ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရပြီး လူပေါင်း ၂၅,၀၀၀ ခန့်ကို ကယ်ဆယ်ရေး စခန်းတွေနဲ့ စာသင်ကျောင်းတွေကို ရွှေ့ပြောင်းထားရပါတယ်။

နိုဝင်ဘာလအတွင်းမှာ စတင်ခဲ့တဲ့ နှစ်စဉ်မုတ်သုံရာသီကြောင့် ရေကြီးရေလျံမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း မလေးရှား မိုးလေဝသဌာနက ပြောကြားခဲ့ပြီး ဧပြီလအထိ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ သတိပေးထားပါတယ်။

ရေကြီးရေလျှံမှုတွေ ထပ်မံဖြစ်ပေါ်နိုင်တယ်လို့ အဆိုပါဌာနက သတိပေးထားပြီး ဂျိုဟော နဲ့ နိုင်ငံရဲ့ အခြားဒေသတွေမှာ မိုးဆက်လက်ရွာသွန်းနေဦးမယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝှမ်းရှိ မြစ်၊ချောင်းတွေရဲ့ ရေမှတ်ဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင် အေဂျင်စီက သတိပေးထားပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် နိုဝင်ဘာလမှ စတင်ကာ မြေပြိုမှု ၁၀၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ref; Over 26,000 evacuated as floods hit Malaysia again

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။