Trending Now

သေတ္တာထဲမှာရှာဖွေတွေ့ရှိခဲ့တဲ့ ကလေးရုပ်အလောင်းနှစ်ခုနဲ့ ပတ်သက်ပြီး နယူဇီလန်ရဲတပ်ဖွဲ့က ကိုရီးယားအမျိုးသမီးကို ဖမ်းဆီး

Spread the love

သေတ္တာထဲမှာရှာဖွေတွေ့ရှိခဲ့တဲ့ ကလေးရုပ်အလောင်းနှစ်ခုနဲ့ ပတ်သက်ပြီး နယူဇီလန်ရဲတပ်ဖွဲ့က ကိုရီးယားအမျိုးသမီးကို ဖမ်းဆီး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၅

ပြီးခဲ့တဲ့လက နယူးဇီလန်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ သေတ္တာထဲက ကလေးရုပ်အလောင်းနှစ်ခုနဲ့ ပတ်သက်ပြီး နယူဇီလန်ရဲတပ်ဖွဲ့က ကိုရီးယားအမျိုးသမီး တစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဒီထိတ်လန့် တုပ်လှုပ်ဖွယ်ရာ အဖြစ်အပျက်ဟာ အော့ကလန်မြို့မှာရှိတဲ့ သိုလှောင်ခန်းတစ်ခုက လက်ဆွဲသေတ္တာတွေကို နယူဇီလန်မိသားစုတစ်ခုက ဝယ်ယူလိုက်ရာကနေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက အော့ကလန်မြို့မှာရှိတဲ့ ရှိတဲ့ မိသားစုတစ်ခုဟာ လက်ဆွဲသေတ္တာတွေကို မြေအောက်သိုလှောင်ခန်းတစ်ခုကနေ ဝယ်ယူခဲ့ပြီး သူတို့အိမ်ရောက်တဲ့အချိန်မှာ အိတ်ကိုဖွင့်ကြည့်လိုက်ရာကနေ ကလေးရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။

ကလေးရုပ်အလောင်း နှစ်ခုဟာ နှစ်အတော်ကြာ သေတ္တာထဲမှာရှိနေခဲ့ပုံရပြီး အသက် ၇ နှစ်နဲ့ ဆယ်နှစ်အရွယ်ကလေးငယ်တွေ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် နယူးဇီလန်ရဲတပ်ဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး ရဲအေဂျင်စီ အင်တာပိုလ် နဲ့ ပူးပေါင်းပြီး ရက်ပေါင်းများစွာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကလေးငယ်တွေရဲ့ အလောင်းတွေကို DNA စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သလို လက်ဆွဲသေတ္တာတွေ ထားရှိခဲ့တဲ့ မြေအောက်သိုလှောင်ခန်းကိုလည်း မှုခင်းဆေးပညာကျွမ်းကျင်သူတွေက စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့က တိုက်ခန်းတစ်ခုမှာ ပုန်းအောင်းနေတဲ့ သံသယဖြစ်ဖွယ် အသက် ၄၀ နှစ်အရွယ် တောင်ကိုရီးယားအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ သူမကို အင်တာပိုလ် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားပါတယ်။

သံသယရှိသူဟာ ကလေးငယ်တွေနဲ့ ဆက်နွယ်တယ်လို့ ယူဆရကြောင်း ဒေသတွင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ သူမရဲ့ မိသားစုဟာ အော့ကလန်မြို့မှာ နှစ်ပေါင်းအတော်ကြာနေထိုင်ခဲ့ပြီး ကလေးတွေရဲ့ ဖခင်ဟာလည်း သူတို့ မသေဆုံးခင်မှာ သေဆုံးသွားခဲ့ပါတယ်။

လက်ရှိမှာ နယူဇီလန်အာဏာပိုင်တွေက သူမကို တရားစွဲဆိုဖို့အတွက် လွဲပြောင်းပေးဖို့ တောင်းဆိုထားပြီး အာမခံနဲ့ လွတ်ထားခြင်းမပြုလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

— ကိုးကား —
ဘီဘီစီ
ref; New Zealand bodies in suitcase: Woman arrested in S Korea over children’s deaths

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။