Trending Now

လုံးခင်းကျေးရွာရှိ Green City စားသောက်ဆိုင် မန်နေဂျာ သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

လုံးခင်းကျေးရွာရှိ Green City စားသောက်ဆိုင် မန်နေဂျာ သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
ဖားကန့်၊ ဩဂုတ် ၁၈

ကချင်ပြည်နယ်၊ ဖာကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ Green City စားသောက်ဆိုင် မန်နေဂျာ ဖြစ်သူသည် ဩဂုတ်လ (၁၇) ရက်နေ့ ၊ ည ၉ နာရီ အချိန်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူ Green City စားသောက်ဆိုင် မန်နေဂျာသည် ရန်ကုန်တိုင်းဇာတိဖြစ်ပြီး သေနတ် ဒဏ်ရာ လေးချက်ဖြင့် သေဆုံးခဲ့သည်ဟု ၎င်းနှင့် ရင်းနှီးသူ တစ်ဦးက ပြောပြသည်။

“ဘာကြောင့် ဒီလိုသတ်သွားတာလည်း မသိဘူး မနေ့ည ၉နာရီလောက်မှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ လာပြီး မန်နေဂျာနဲ့ တွေ့ချင်တယ်ဆိုပြီး ပြောလို့၊ သူတို့ထိုင်တဲ့ (G-2) အခန်းကို ဂျာကြီးက သွားတဲ့အခါ သေနတ်နဲ့ လေးချက် ပစ်သတ်သွားတယ်၊ အဲ့အခန်းထဲမှာပဲ သေသွားတယ်လို့ သိရတယ်။” ဟု ၎င်းက ပြောသည်။

ဖားကန့်ဒေသ၌ စီးပွားရေးလုပ်ငန်းရှင်းများနှင့် အစိုးရ ဝန်ထမ်း၊ ရပ်ကျေး တာဝန်ခံများကို KIA၊ PDF အဖွဲ့များက သတိပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးတောင်းခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်း စသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး ယခုဖြစ်စဉ်သည်လည်း KIA၊ PDF အဖွဲ့များက လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း လုံးခင်းနေ ပြည်သူ တစ်ဦးက ယခုကဲ့သို့ သုံးသပ် ပြောပြသည်။

“ဖားကန့်မြို့က အခြေအနေဆိုးလာပြီး အခုဆို ရပ်ကျေးလည်း မနေရ ဝန်ထမ်းလည်း မနေရဘူး၊ နောက်ဆုံး စီးပွားရေးလုပ်ငန်းရှင်တွေကိုပါ ဆက်ကြေးတောင်း မပေးရင်သတ် ဟိုသတင်းပေး ဒီသတင်းပေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သတ်နေတာ လူ့အခွင့်ရေးချိုးဖောက်နေကြတာပဲ၊ မင်းမဲ့စရိုက်ဆန်ဆန် သတ်နေတယ်၊ သူတို့တွေက အကြောက်တရားနဲ့ ခြိမ်းခြောက်နေကြတာ၊ အခုဆို လုပ်ငန်းရှင်တချို့ ဖားကန့်မှာ မနေကြတော့ဘူး တာဝန်ခံတွေနဲ့ပဲ လွတ်ထားတာ” ဟု ၎င်းက ပြောပြသည်။

ယမန်နေ့ ဩဂုတ် (၁၇)ရက် နံနက်ပိုင်းကလည်း ဖားကန့်မြို့ ကျောက်မျက်ဈေးရှေ့နှင့် ယူမာတံတား အနီး၌ မျက်စိကို အဝတ်စည်း၊ လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခံထားရသည့် အမျိုးသား အလောင်း (၂) လောင်းကို တွေ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။