Trending Now

ပါကစ္စတန် စစ်ဘက်သုံး ရဟတ်ယာဉ်တစင်း လိုက်ပါသူ ၆ ဦးနဲ့အတူ ပျောက်ဆုံးနေ

Spread the love

ပါကစ္စတန် စစ်ဘက်သုံး ရဟတ်ယာဉ်တစင်း လိုက်ပါသူ ၆ ဦးနဲ့အတူ ပျောက်ဆုံးနေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလိုချစ်စတန် ပြည်နယ်အတွင်းမှာ ပါကစ္စတန် စစ်ဘက်ရဟတ်ယာဉ်တစ်စင်းဟာ လေကြောင်းထိန်းချုပ်ရေးစင်တာ နဲ့ ယမန်နေ့က အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

လူခြောက်ဦးလိုက်ပါလာတဲ့ အဆိုပါ ရဟတ်ယာဉ်ဟာ ဘလိုချစ်စတန် ပြည်နယ်အတွင်းက ရေကြီးရေလျှံမှုဖြစ်ပွားရာဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စစ်ဘက်ရဟတ်ယာဉ်တစ်စီးဖြစ်ကြောင်း စစ်တပ်ရဲ့ မီဒီယာ Inter-Services Public Relations (ISPR) က ထုတ်ပြန်ခဲ့ပါတယ်။

ပြည်တွင်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လူတွေဟာ ပြည်နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ကွပ်ကဲနေတဲ့ XII-Corps က ဒုတိယဗိုလ်ချုပ်ကြီး ဆာဖာရက် အလီ၊ လေယာဉ်မှူး မေဂျာ ဆာအီလ်၊ တွဲဘက်လေယာဉ်မှူး တာလ်ဟာ တို့နဲ့ အခြားကယ်ဆယ်ရေးသမားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီ ရဟတ်ယာဉ်ဟာ ဘလိုချစ်စတန်ပြည်နယ် လာ့စ်ဘလ်လာ ခရိုင်အတွင်းကနေ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ စစ်တပ်မီဒီယာရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ ရဟတ်ယာဉ် ရှာဖွေရေးလုပ်ငန်းကို လုပ်ဆောင်နေပြီး ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့နေရာဟာ ဝေးလံခေါင်သီပြီး တောတောင်ထူထပ်တဲ့ မြေမျက်နာသွင်ပြင်ကြောင့် ရှာဖွေရေးလုပ်ငန်ဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒေသတွင်းမှာရှိတဲ့ လက်နက်ကိုင်တပ်တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေရပြီး ပါကစ္စတန်နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ကလေး ၄၆ ဦးအပါအဝင် လူပေါင်း ၁၄၉ ဦးသေဆုံးခဲ့ပါတယ်။

Source – dailypakistan

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။