Trending Now

ဥရုချောင်းအတွင်း မျောပါလာသည့် အမျိုးသားတစ်ဦး ရုပ်အလောင်းအား ဆယ်ယူရရှိ

Spread the love

ဥရုချောင်းအတွင်း မျောပါလာသည့် အမျိုးသားတစ်ဦး ရုပ်အလောင်းအား ဆယ်ယူရရှိ

EPN
ဖားကန့်၊ဇွန် ၁၆

ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ဥရုချောင်းတွင် ယနေ့ ဇွန်လ(၁၆)ရက်၊ နေ့လယ်ပိုင်းအချိန်က အဆိုပါချောင်းတွင် မျောပါလာသည့် အမည်မသိ အမျိုးသားတစ်ဦး ရုပ်အလောင်အား ဆယ်ယူရရှိထားကြောင်း သိရသည်။

အဆိုပါ ရုပ်အလာင်းအား ဆန်းကြွယ်-မှော်တောင်း ကျေးရွာအနီးရှိ ဥရုချောင်းအတွင်း မှောက်လျက်မျောပါလျှက်ရှိသည်ကို တွေ့ရှိ၍ ဆယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်)မှ သိရသည်။

“ကျွန်တော်တို့ အဖွဲ့ဆီကို နေ့လယ် (၃)နာရီလောက်မှာ လှမ်းအကြောင်းကြားပါတယ်၊ ဥရုချောင်းထဲမှာ လူသေအလောင်း မျောပါနေတဲ့ အကြောင်း၊ ကြားသိရတဲ့အတွက် လိုက်ဆယ်ခဲ့တာပါ၊ မှော်တောင်းကျေးရွာ အနားရောက်တော့ အဲ့ဒီမျောပါနေတဲ့ ရုပ်အလောင်းကို ဆယ်ယူလို့ရခဲ့ပါတယ်”ဟု အဆိုပါအဖွဲ့၏ ဦးဆောင်သူ ကိုဂျက်ထံမှ သိရသည်။

ဥရုချောင်းအတွင်း ယနေ့ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်းသည် လက်ရှိအချိန်အထိ မည်သူဝါမှန်းမသိရှိရသေးကြောင်းနှင့် အဆိုပါ ရုပ်အလောင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်နေခဲ့ပြီး၊ အဆိုပါ ချောင်းဘေးတွင် နေထိုင်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ရန် လိုအပ်ကြောင်း ဒေသအခြေစိုက် အရပ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။