Trending Now

ဒရုန်းတွေကို ခြေရာခံနိုင်တဲ့ ကိရိယာကို DeDrone က ထုတ်ဖော်ပြသခဲ့

Spread the love

ဒရုန်းတွေကို ခြေရာခံနိုင်တဲ့ ကိရိယာကို DeDrone က ထုတ်ဖော်ပြသခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၈

ဒရုန်းတွေဟာ အနာဂတ်စစ်ပွဲတွေမှာ အဓိကနေရာက ပါဝင်လာပြီး အထူးသဖြင့် ယူကရိန်းစစ်ပွဲမှာ မောင်းသူမဲ့စနစ်တွေရဲ့ ထိရောက်မှုကို ပြသနေတာကြောင့် ဒရုန်းတွေကို တန်ပြန်နိုင်ဖို့အတွက် ဒရုန်း ခြေရာခံ ကရိယာတစ်မျိုးကို အမေရိကန် DeDrone ကုမ္မဏီက ထုတ်ဖော်ပြသခဲ့ပါတယ်။

အဆိုပါကရိယာဟာ ဒရုန်းရှာဖွေခြင်း၊ ခြေရာခံခြင်း နဲ့ ရန်သူဒရုန်းများအသုံးပြုတဲ့ ရေဒီယိုလှိုင်းနှုန်းတွေကို နှောက်ယှက်နိုင်တဲ့အပြင် ရန်သူတွေကို သတင်းအမှားတွေပေးပို့ နိုင်တယ်လို့ ဆိုပါတယ်။

DedronePortable လို့ခေါ်တဲ့ အဆိုပါကရိယာဟာ ခေတ်မီဆန်းပြားတဲ့ စွမ်းဆောင်ရည်မြင့် အာရုံခံကိရိယာတွေ ပါရှိပြီး သယ်ဆောင်ရလွယ်ကူတဲ့အပြင် မိနစ် ၂၀ အတွင်း တပ်ဆင်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ယူကရိန်းက ရုရှားရဲ့ရန်လိုမှုကို ခုခံရာမှာ မောင်းသူမဲ့စနစ်တွေရဲ့ ထိရောက်မှုကို ဆက်လက်သက်သေပြနေတာကြောင့် ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေးတွေမှာ စစ်ဘက်ဒရုန်းအသုံးပြုမှု သိသိသာသာ တိုးလာနေတယ်ဆိုတာကို DeDrone က ထောက်ပြပါတယ်။

ကုမ္ပဏီမှ တာဝန်ရှိသူက လျင်မြန်စွာ ပြောင်းလဲနေတဲ့ လေပိုင်နက်ဆိုင်ရာလုံခြုံရေး စိုးရိမ်မှုတွေအတွက် ခေတ်မီပြီး လွယ်ကူစွာ သယ်ယူနိုင်တဲ့ တန်ပြန်ဒရုန်းစနစ်တွေကို လိုအပ်လာကြောင်း ပြောကြားခဲ့ပါတယ်။

source – DFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။