Trending Now

ဝိုင်းမော်မြို့နယ် စံပိုင်ကျေးရွာ အနီးရှိ တောစပ်တွင် KIAထောင်ထားသည့် မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး ခြေထောက် ပျက်စီး

Spread the love

ဝိုင်းမော်မြို့နယ် စံပိုင်ကျေးရွာ အနီးရှိ တောစပ်တွင် KIAထောင်ထားသည့် မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး ခြေထောက် ပျက်စီး

EPN
ဝိုင်းမော် ၊ဩဂုတ် ၂၆

ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ် စံပိုင်ကျေးရွာအနီး တောစပ်တစ်နေရာ၌ ဟင်းသီးဟင်းရွက် လာကောက်သည့် အမျိုးသမီးတစ်ဦး KIAအဖွဲ့ထောင် ထားသည့် မိုင်းနင်းမိ၍ ခြေထောက်ပျက်စီးခဲ့သည့် ဖြစ်စဉ် တစ်ခု ယနေ့နံနက် ၁၀နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခတ်ချိုကျေးရွာနေ ဦးဆန်းဝမ်၊ဒေါ်ကြင်ဖုန်တို့ လင်မယားနှစ်ဦးမှာ ခတ်ချိုကျေးရွာနှင့် ၂၇မိုင်ခန့် ဝေးသည့် စံပိုင်ကျေးရွာဟောင်း အနီးတောစပ်တွင် ဟင်သီးဟင်းရွက် သွား‌ကောက်စဉ် အမျိုးသမီးဖြစ်သူမှ KIA ထောင်ထားသည့် မိုင်းနင်းမိ၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး၏ ဘက်ဘယ် ခြေဖမိုး ကြေမွသွားခဲ့သည့်အတွက် ၎င်း၏ အမျိုးသားမှ ရွာသို့ ပြန်သယ်ဆောင်ကာ ဝိုင်းမော်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက် အစောပိုင်းက သူတို့ လင်မယား နှစ်ယောက် စံပိုင်ကျေးရွာဟောင်းဘက် ကို ဆိုင်ကယ်နဲ့ ဟင်းသီးဟင်းရွက် သွားကောက်တာ။ ဖြစ်ချင်တော့ အဲ့နေရာက KIAနယ်မြေလည်းဖြစ်တယ် ။ KIAထောင်ထားတဲ့ မိုင်းနင်းမိလို့ အမျိုးသမီးကတော့ ခြေဖမိုး ပြတ်သွားတယ် အမျိုးသားကတော့ မထိဘူး “ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် မိုင်းနင်းမိမှုကြောင့် ခြေဖမိုး ကြေမွသွားသည့် ဒေါ်ကြင်ဖုန်အား ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးမှ တစ်ဆင့် မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

KIA အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဒေါ်ကြင်ဖုန်တို့ လင်မယားမှာ တောင်ယာလုပ်ကိုင်ရန် လယ်ယာမရှိသည့် အတွက် အနီးတောစပ် နေရာများတွင် ဟင်းသီးဟင်းရွက် လိုက်လံ ကောက်နေသူများဖြစ်ပြီး ရရှိလာသည့် ဟင်းသီးဟင်းရွက်များကို ရပ်ကွက်ဈေးတွင် ပြန်လည်ရောင်းချကာ ဝမ်းရေးအတွက် ဖြေရှင်းနေသူများဖြစ်ကြောင်း ကျေးရွာနေပြည်သူများ ပြောပြချက်အရသိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။