Trending Now

ဝိုင်းမော် အထက (၂) တွင် လူငယ်ဗလငါးတန် ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြုလုပ်

Spread the love

ဝိုင်းမော် အထက (၂) တွင် လူငယ်ဗလငါးတန် ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြုလုပ်

EPN
ဝိုင်းမော်၊ ဇန်နဝါရီ ၁၇ (၂၀၂၄)

ဝိုင်းမော်မြို့နယ်၊ အထက(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်ဇန်နဝါရီလ ၁၆ ရက်နေ့၊ မနက်ပိုင်းအချိန်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ဖဲကြိုးဖြတ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်အတွင်းမှ လူငယ်၊ လူရွယ်များကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး၊ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခြင်း၊ ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး ပြခန်းများနှင့် အားကစားပြိုင်ပွဲများကို ကြည့်ရူအားပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အတူ ပြည်နယ်ပညာရေးမှူး၊ ပြန်ဆက်ပြည်နယ်မှူးတို့အပြင် ခရိုင်ပြန်ဆက်မှူး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတာဝန်ခံ၊ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဉက္ကဌဉ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူအင်အား (၂၀၀၀) နီးပါး တက်ရောက်ခဲ့ကြသည်။

လူငယ်ဗလငါးတန် ဖွံ့ဖြိုးရေးပွဲတော်တွင် ပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများ ထည့်သွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။