Trending Now

ဖာနီ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယမှာ လူထောင်ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်း

Spread the love

ဖာနီ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယမှာ လူထောင်ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်း
EPN
နိုင်ငံတကာ၊ မေလ ၂
ဆိုင်ကလုန်းမုန်တိုင်း ဖာနီ(Fani) မဝင်ရောက်မီ အိန္ဒိယအရှေ့ဘက် ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျေးရွာများ က လူထောင်ချီကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက် ရှိနေတယ်လို့ အိန္ဒိယအစိုးရတာဝန်ရှိသူတွေက ပြော ပါတယ်။ 
ဆိုင်ကလုန်းမုန်တိုင်း ဖာနီဟာ လက်ရှိမှာ သြရိဿပြည်နယ်ကို ဦးတည်နေပြီး မနက်ဖြန်မှာ ကုန်းတွင်း ပိုင်းကို ဝင်ရောက်ဖွယ်ရှိနေပါတယ်။ မုန်တိုင်းဖာနီဟာ တစ်နာရီ လေတိုက်နှုန်း ၁၂၇ မိုင်နှုန်းနဲ့ တိုက်ခတ်မယ်လို့ အိန္ဒိယမိုးလေဝသ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
 မုန်တိုင်းကြောင့် အရှေ့ဘက်ကမ်းရိုးတန်းရှိ အဓိက ဆိပ်ကမ်းနှစ်ခုကို ပိတ်ထားကြောင်း၊ လူပေါင်း တစ်သန်းနီးပါးအတွက် ကူညီကယ်ဆယ်ရေးစခန်း ၈၅၀ ကျော် တည်ဆောက်ထားကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။ 
မုန်တိုင်းဟာ အိန္ဒိယနိုင်ငံအတွင်းရှိ ဒေသ ၁၁ ခုကို ဖြတ်သန်းတိုက်ခတ်ဖွယ် ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ အိန္ဒိယအစိုးရတာဝန်ရှိသူတွေက သတိပေးထားပါတယ်။
—————————————————-

EPN




 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။