Trending Now

အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ရဲ့ နေအိမ် စာကြည့်တိုက်ကနေ လျှိုဝှက်စာရွက်စာတမ်းတွေ ထပ်မံတွေ့ရှိ

Spread the love

အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ရဲ့ နေအိမ် စာကြည့်တိုက်ကနေ လျှိုဝှက်စာရွက်စာတမ်းတွေ ထပ်မံတွေ့ရှိ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃

ဒီလာဝဲရ်ပြည်နယ် ဝီလ်မင်တန်မြို့မှာရှိတဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ရဲ့ နေအိမ် စာကြည့်တိုက်အတွင်းကနေ အမျိုးအစားခွဲခြားထားတဲ့ နောက်ထပ်စာမျက်နာ ခြောက်ခု ကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။

ထပ်မံတွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေဟာ သမ္မတဂျိုးဘိုင်ဒင် အထက်လွတ်တော်မှာ တာဝန်ထမ်းဆောင်စဉ်က စာရွက်စာတမ်းတွေနဲ့ သမ္မတ အိုဘားမားလက်ထက်က စာရွက်စာတမ်းတွေဖြစ်ကြောင်း သမ္မတရဲ့ ကိုယ်ရေးကိုယ်တာရှေ့နေ ဘော့ဘာဝယ်လ် ကပြောပါတယ်။

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သမ္မတအိမ် ရှာဖွေမှုကို တရားရေးဌာန (DOJ) မှ တာဝန်ရှိသူတွေက လုပ်ဆောင်ခဲ့ပြီး ၁၃ နာရီကျော် ကြာမြင့်ခဲ့ကြောင်း ဘော့ဘာဝယ်လ် ကပြောပါတယ်။

စာရွက်စာတမ်းတွေ ထပ်မံရှာဖွေတွေ့ရှိမှုဟာ သမ္မတဂျိုးဘိုင်ဒင်အတွက် နိုင်ငံရေးခေါင်းခဲစရာဖြစ်လာသလို ယခင်သမ္မတ ဟောင်း ဒေါ်နယ်ထရမ့် ရဲ့ နေအိမ်က စာရွက်စာတမ်းတွေ တွေ့ရှိမှုကို စုံစမ်းစစ်ဆေးနေတဲ့ DOJ ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း ရှုပ်ထွေးစေခဲ့ပါတယ်။

— ကိုးကား —
AFP
Ref; New search of Biden’s home turns up more classified documents

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။