Trending Now

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၂၃ ဘီလီယံကျော်တန်ကြေးရှိ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် ၁၀၅ စင်း အမေရိကန် ရောင်းချမည်

Spread the love

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၂၃ ဘီလီယံကျော်တန်ကြေးရှိ အက်ဖ်-၃၅ ဂျက်တိုက်လေယာဉ် ၁၀၅ စင်း အမေရိကန် ရောင်းချမည်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၀

ဂျပန်နိုင်ငံသို့ အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ် ၁၀၅ စင်း ရောင်းချရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုလိုက်ပြီဖြစ်သည်။

ဂျပန်နိုင်ငံသို့ အက်ဖ်-၃၅ အေ ကိုယ်ပျောက်တိုက်လေယာဉ် ၆၃ စင်းနှင့် အက်ဖ်-၃၅ ဘီ တိုက်လေယာဉ် ၄၂ စင်း ရောင်းချမည့် ဒေါ်လာ ၂၃ ဒသမ ၁ ဘီလီယံတန်ကြေးရှိ သဘောတူညီချက်နှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၉ ရက်တွင် ကွန်ဂရက်သို့ အကြောင်းကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က အက်ဖ်-၃၅ သမားရိုးကျလေယာဉ်များ အသုံး ပြုလျက်ရှိသည်။ အတက်၊အဆင်းပြုလုပ်ရန် ရှည်လျားသော လေယာဉ်ပြေးလမ်းမလိုအပ်သည့် အက်ဖ်-၃၅ ဘီ လေယာဉ်များကို ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ဖျက်သင်္ဘောတစ်စင်းပေါ်၌ ဖြန့်ကြက်နိုင်သည်။

အမေရိကန် တာဝန်ရှိသူများက ဂျပန်နိုင်ငံသို့ နည်းပညာအကူအညီနှင့် လေ့ကျင့်ရေးသင်တန်း ၂၅ နှစ် ကြာ ပံ့ပိုးပေးရမည်ဖြစ်သည်။

ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ ဂျက်တိုက်လေယာဉ်များ ရောင်းချမှုပြီးလျင် ယခုသဘောတူညီချက်က ပြည်ပတိုင်းပြည်တစ်ခုသို့ စစ်လက်နက်ပစ္စည်း ဒုတိယမြောက် ပမာဏအများဆုံး ရောင်းချမှုဖြစ်သည်။
သဘောတူညီချက်က ဂျပန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားများကို မြှင့်တင်ပေးပြီး အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် အလုပ်အကိုင်ခန့်အပ်မှုအတွက် အထောက်အကူပြုမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; US to sell 105 F-35 fighter jets to japan


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။