Trending Now

တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံ သား ၁၉ ဦး ထိုင်းနိုင်ငံဘက်မှာ ဖမ်းဆီးခံရ

Spread the love

တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံ သား ၁၉ ဦး ထိုင်းနိုင်ငံဘက်မှာ ဖမ်းဆီးခံရ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၅

ထိုင်းနိုင်ငံကို အလုပ်လုပ်ကိုင်ဖို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က မယ်လမတ်မြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မယ်လမတ်မြို့နယ်၊ အမှတ် (၇)ပိုင်၊ မယ့်ချလောင်းကျေးရွာဘက်မှာ နယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်နေတဲ့ အမှတ်(၃၅၀၁) ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ ရပ်တန့်ထားတဲ့ ပစ်ကပ်ကား (၂) စီးရဲ့ နောက်မှာ ထိုင်နေတဲ့ လူအုပ်စုကို တွေ့မြင်ပြီး မသင်္ကာလို့ စစ်ဆေးခဲ့ရာကနေ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကိုတွေ့ရှိပြီး ဖမ်းဆီးခဲ့တာပါ။

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၉ ဦးနဲ့အတူ ထိုင်းနိုင်ငံသား ယာဉ်မောင်း (၂) ဦးပါ ဖမ်းဆီးရမိခဲ့ပြီး ” တစ်ဦးကို ကားခ ဘတ်ငွေ ၂၀၀ ကောက်ခံကာ ဖိုးဖမြို့သို့ ပို့ဆောင်ဖို့ပြုလုပ် နေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ် ” လို့ ယာဉ်မောင် (၂) ဦးက ဝန်ခံထွက်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အမှတ်(၃၅၀၁)ခြေမြန်တပ်ရင်းက ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားယာဉ်မောင်း (၂)ဦးနဲ့ မြန်မာနိုင်ငံသား(၁၉)ဦးကို မယ်လမတ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရပြီး ဖမ်းဆီရမိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်သွား မှာဖြစ်တယ်လို့ သိရပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။