Trending Now

၁၁ႏွစ္အရြယ္ေယာက္်ားေလးတစ္ဦး အုတ္က်င္းအတြင္း ေရႏွစ္ေသဆံုး

Spread the love

၁၁ႏွစ္အရြယ္ေယာက္်ားေလးတစ္ဦး အုတ္က်င္းအတြင္း ေရႏွစ္ေသဆံုး

EPN
ဗန္းေမာ္၊ ေမ ၁၂

ဗန္းေမာ္ၿမိဳ႕၊ ဟန္းတဲရပ္ကြက္၊ ကန္ေတာ္ရပ္၊ အမွတ္ ၅၊ အ.ထ.က မွ ဆဌမတန္းေက်ာင္းသား တစ္ဦး  သူငယ္ခ်င္းမ်ားႏွင့္ ေဘာလံုးကစားၿပီး အုတ္က်င္းအတြင္း ေရခ်ိဳးဆင္းရာမွ ေရႏွစ္ေသဆံုးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေမ ၁၁ ရက္ေန႕၊ ညေန ၅နာရီခြဲ အခ်ိန္က၊ ဗန္းေမာ္ၿမိဳ႕၊ သီရပ္ကြက္ေန (ဘ) ဦးခင္ေမာင္ေအး(ခ) ေမာင္ေအး၊ (မိ)ေဒၚအိအိခိုင္တို႕၏ သားျဖစ္သူ အသက္ (၁၁)ႏွစ္အရြယ္ ေမာင္အာကာမိုး သည္ သူငယ္ခ်င္းမ်ားႏွင့္အတူ ဆင္းကုန္းရပ္ကြက္၊ သရက္ကုန္းအုပ္စုရွိ  ၂၃၄ အုတ္ဖိုကြင္း၌ ေဘာ့လံုးကစားေနရင္း ေျမတူးထားသည့္ အုတ္က်င္းအတြင္း ပတ္၀န္းက်င္ မည္သူမွ (မသိရွိ) ေရဆင္းကူးကစားရာမွ ေရႏွစ္ေသဆံုးသြားေၾကာင္း ဆင္းကုန္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

“ေဘာ့လုံးကစားျပီး လူတစ္ေယာက္လိုုု ေန၍ ေဘာ့လုံးသမားမ်ားက လိုက္ရွာၾကသည့္အခါ ေမာင္အားကာမိုးမွာ အုတ္က်င္းအတြင္း၌ေရနစ္ေသတုံးေနတာေတြ ့ ျကရတယ္။  ညေန ၆ နာရီ ေက်ာ္မွာ ေရနစ္တာသိရတယ္။ သူငယ္ခ်င္းေတြ မသိေအာင္ေရးသြားခ်ိဳးရင္းေရနစ္ေသဆုံးခ့ဲ တာ ပါ “” ဟု ဆင္ကုန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴ ဦးေက်ာ္သန္းထိုက္ေအာင္က ေျပာသည္။


ျဖစ္စဥ္ပတ္သက္၍ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္ဗန္းေမာ္ၿမိဳ႕မ ရဲစခန္းမွ အမွဳစစ္ စခန္းမွဴး ဒုရဲမွဴး ခင္ေမာင္ေငြ က တာ၀န္ယူစစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

ဗန္းေမာ္သုခမိန္
———————————————————–

၁၁နှစ်အရွယ်ယောက်ျားလေးတစ်ဦး အုတ်ကျင်းအတွင်း ရေနှစ်သေဆုံး

EPN

ဗန်းမော်၊ မေ ၁၂

ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်၊ ကန်တော်ရပ်၊ အမှတ် ၅၊ အ.ထ.က မှ ဆဌမတန်းကျောင်းသား တစ်ဦး  သူငယ်ချင်းများနှင့် ဘောလုံးကစားပြီး အုတ်ကျင်းအတွင်း ရေချိုးဆင်းရာမှ ရေနှစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၁ ရက်နေ့၊ ညနေ ၅နာရီခွဲ အချိန်က၊ ဗန်းမော်မြို့၊ သီရပ်ကွက်နေ (ဘ) ဦးခင်မောင်အေး(ခ) မောင်အေး၊ (မိ)ဒေါ်အိအိခိုင်တို့၏ သားဖြစ်သူ အသက် (၁၁)နှစ်အရွယ် မောင်အာကာမိုး သည် သူငယ်ချင်းများနှင့်အတူ ဆင်းကုန်းရပ်ကွက်၊ သရက်ကုန်းအုပ်စုရှိ  ၂၃၄ အုတ်ဖိုကွင်း၌ ဘော့လုံးကစားနေရင်း မြေတူးထားသည့် အုတ်ကျင်းအတွင်း ပတ်ဝန်းကျင် မည်သူမှ (မသိရှိ) ရေဆင်းကူးကစားရာမှ ရေနှစ်သေဆုံးသွားကြောင်း ဆင်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“ဘော့လုံးကစားပြီး လူတစ်ယောက်လို နေ၍ ဘော့လုံးသမားများက လိုက်ရှာကြသည့်အခါ မောင်အားကာမိုးမှာ အုတ်ကျင်းအတွင်း၌ရေနစ်သေတုံးနေတာတွေ့ ကြရတယ်။  ညနေ ၆ နာရီ ကျော်မှာ ရေနစ်တာသိရတယ်။ သူငယ်ချင်းတွေ မသိအောင်ရေးသွားချိုးရင်းရေနစ်သေဆုံးခဲ့ တာ ပါ “” ဟု ဆင်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူ ဦးကျော်သန်းထိုက်အောင်က ပြောသည်။

ဖြစ်စဉ်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဗန်းမော်မြို့မ ရဲစခန်းမှ အမှုစစ် စခန်းမှူး ဒုရဲမှူး ခင်မောင်ငွေ က တာဝန်ယူစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။