Trending Now

ယင်းမာပင်မြို့နယ်အတွက် ထောက်ပံ့ပေးတဲ့ မြေဆီနဲ့ စိုက်ပျိုးရေး ပစ္စည်းတွေ ၊ အချိန်မီ တောင်သူတွေရဲ့ လက်ဝယ်မရောက်

Spread the love

ယင်းမာပင်မြို့နယ်အတွက် ထောက်ပံ့ပေးတဲ့ မြေဆီနဲ့ စိုက်ပျိုးရေး ပစ္စည်းတွေ ၊ အချိန်မီ တောင်သူတွေရဲ့ လက်ဝယ်မရောက်

EPN
ယင်းမာပင် ၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်ထဲက ၄ မြို့နယ်အတွက် ကူညီထောက်ပံ့ပေးတဲ့ စိုက်ပျိုးရေးသုံး ဆေးနဲ့ ဆေးပစ္စည်းတွေ အပါအဝင် မြေဆီအိတ်တွေဟာ ဒီကနေ့အထိ တောင်သူတွေရဲ့ လက်ဝယ်ကို မရောက်သေး ၊ မရသေးဘူးလို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

” စိုက်ပျိုးရေး ထောက်ပံ့ပစ္စည်းတွေကို တိုင်းအဆင့်ဌာနကနေ ထောက်ပံ့ပေးလိုက်တာကြာပြီ ၊ မုံရွာနဲ့ ယင်းမာပင် အကြားမှာ သယ်ယူပို့ဆောင်ဖို့ အခက်အခဲရှိနေလို့ အခုထိ မရသေးဘူး ” လို့ ဒေသခံ တောင်သူတယောက်က ပြောပါတယ်။

ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဌာနနဲ့ နီးစပ်သူ တယောက်က ” မုံရွာ ယင်းမာပင်လမ်းကြောင်း ပေါ်က အင်ကြင်းတောင် ၊ ကောင်းဆင့် သုဿန် နဲ့ နှောရိုလမ်းဆုံ နေရာတွေမှာ အကြမ်းဖက်အဖွဲ့တွေရဲ့ဂိတ်စခန်းတွေရှိတယ် ၊ အဲ့ဒီ ဂိတ်စခန်းတွေက ဖြတ်သန်းသယ်ယူခွင့်မပေးဘူး ၊ ပစ္စည်းတွေ သယ်လာရင် သိမ်းမယ်လို့ ပြောတယ်၊ အဲ့ဒါ ကြောင့် တောင်သူတွေရဲ့ လက်ဝယ်ရောက်ဖို့ နှောင့်နေ ကျန့်ကြာနေတာ ” လို့ ပြောပါတယ်။

မုံရွာ – ညောင်ပင်ကြီး – ယင်းမာပင် ကားလမ်းဟာ ၁၈ မိုင်သာ ကွာဝေးပြီး အဲ့ဒီ လမ်းပိုင်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ သြဂုတ်လကစလို့ အကြမ်းဖက်အဖွဲ့တွေက ဂိတ်စခန်းတွေဖွင့်ထားပြီး ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေကို စစ်ဆေးတာတွေပြုလုပ်ပြီး စစ်တပ်ထုတ်ကုန်လို့ သတ်မှတ်ခံရတဲ့ ကုန်ပစ္စည်းတွေနဲ့ ၊ ခရီးသည်တချို့ကို ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

” စိုက်ပျိုးရေးသုံး ဆေးနဲ့ ဆေးပစ္စည်းဆိုတာ ပြည်သူ့အကျိုးပြု စားနပ်ရိက္ခာ ကုန်ထုတ်စွမ်းအား တိုးမြင့်ဖို့ ဖြစ်တယ် ၊ အဲ့ဒီ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ခွင့် ကန့်သတ် ထိန်းချုပ်တာဟာ တောင်သူတွေရဲ့ လုပ်ငန်းခွင် အခက်အခဲဖြစ်စေသလို ၊ စားသုံးကုန် ထုတ်လုပ်မှုပိုင်းဆိုင်ရာကို တားမြစ်ကန့်သတ်ရာ ရောက်စေတယ် ၊ အခုဆို စိုက်ပျိုးရာသီ နှောင်းပိုင်းကိုရောက်နေပြီ ၊ စိုက်ပျိုးရေး ထောက်ကူပြု ပစ္စည်းတွေက တောင်သူ လက်ဝယ်ကို ရောက်မလာသေးဘူး ” လို့ ဒေသခံတောင်သူ တယောက်က ပြောပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။