Trending Now

တရုတ်နိုင်ငံတောင်ပိုင်း ကွေ့ကျိုးပြည်နယ်မှာ ကျောက်မီးသွေးတွင်း မီးလောင်မှုကြောင့် ၁၆ ဦး သေဆုံးခဲ့

Spread the love

တရုတ်နိုင်ငံတောင်ပိုင်း ကွေ့ကျိုးပြည်နယ်မှာ ကျောက်မီးသွေးတွင်း မီးလောင်မှုကြောင့် ၁၆ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅

တရုတ်နိုင်ငံတောင်ပိုင်း ကွေ့ကျိုးပြည်နယ်အတွင်းက ပန်ကျိုးမြို့မှာ စက်တင်ဘာ ၂၄ ရက်နေ့က အစိုးရပိုင်ကျောက်မီးသွေးတွင်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

“မိုင်းတွင်းထဲက သယ်ယူပို့ဆောင်ရေးစနစ် မီးလောင်မှုစတင်ဖြစ်ပွားပြီး သေဆုံးသူ ၁၆ ဦး ပိတ်မိသွားတာလို့ ပဏာမဆုံးဖြတ်ထားပါတယ်။ မီးလောင်မှုကို အလျင်အမြန်ငြိမ်းသတ်နိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ၁၆ ဦးလုံး သေဆုံးခဲ့ပါတယ်။ ” လို့ ပန်ကျိုးမြို့ အစိုးရက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ ဖန်းလုံးအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ လေအားလျှပ်စစ်နဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍကို အရှိန်အဟုန်နဲ့ချဲ့ထွင်နေပေမယ့် လျှပ်စစ်ဓာတ်အားအတွက် ကျောက်မီးသွေးကို ဆက်လက် မှီခိုနေရဆဲဖြစ်ပါတယ်။

နိုင်ငံရဲ့ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းတွေမှာ အလုပ်သမား ဘေးကင်းရေးအတွက် လုံခြုံရေးဆိုင်ရာ စံနှုန်းတွေကို အစိုးရက မြင့်တင်ပေးခဲ့ပေမယ့် လိုက်နာမှုအားနည်းတဲ့အတွက် သေဆုံးမှုတွေရှိနေဆဲဖြစ်ပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။