Trending Now

မြစ်ကြီးနားတွင် အသက် ၈၀ နီးပါးရှိ အဖိုးအိုတစ်ယောက် ဆွဲကြိုးချသေဆုံး

Spread the love

မြစ်ကြီးနားတွင် အသက် ၈၀ နီးပါးရှိ အဖိုးအိုတစ်ယောက် ဆွဲကြိုးချသေဆုံး

EPN
မြစ်ကြီးနား၊ မေ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ရပ်ကွက်တွင် အသက် ၈၀ နီးပါးရှိ အဖိုးအိုတစ်ယောက် ဆွဲကြိုးချသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယ‌မန်နေ့ ညနေပိုင်း ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီကရုဏာ အခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေစာ‌ကို ၎င်း၏ မိသားစုများနဲ့အတူစားခဲ့ပြီး ညနေ ၆ ခွဲအချိန် သူ၏အိပ်ခန်းသို့ ဝင်ရောက်ကြည့်ရှူ့ခဲ့ရာမှ မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီကရုဏာ အခမဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ည ၇ နာရီကျော်‌လောက်မှာ ဖုန်းခေါ်လာတော့ နန်းကွေ့နယ်မြေ (၈) မှာနေတဲ့ အဖိုးကြီးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ‌ဆွဲကြိုးချသေနေတယ်ဆိုပြီးခေါ်လို့သွားခဲ့တာပေါ့။ ဖြစ်စဉ်အတိကျတော့မသိရဘူး။ သူကသူ့မောင်နှမတွေနဲ့အတူနေတယ်လို့ ပြောကြတယ်။ သူတို့ရွာက မီးရှို့ခံရပြီး အဲ့အဖိုးအိမ်လည်းပါသွားလို့ သူ့မောင်နှစ်မတွေက ခေါ်ထားတာ။ ညနေစာလည်း အတူစားကြသေးတယ် ပြောတယ်။ သူတို့မောင်နှမတွေနဲ့ ညပိုင်း သူ့အခန်းထဲ ဝင်ကြည့်တော့မှ သူအဲ့လိုလုပ်တာသိကြတာ။ မြစ်ကြီးနားကတော့မဟုတ်ဘူး။ တခြားကျေးရွာကနေ ခဏလာနေရင်းကနေ အခုလိုဖြစ်သွားတာဆိုပြီး ပြောကြတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါသေဆုံးသူမှာ နန်းကွေ့နယ်မြေ (၈)တွင် မောင်နှစ်မများကခေါ်၍ အခြားကျေးရွာမှ လာရောက်နေထိုင် ခြင်းဖြစ်ကြောင်း သိရပြီး အသက်အရွယ်၊ နာမည်အား အပြည့်အစုံ မသိရသေးကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။