Trending Now

မိုးညှင်းမြို့နယ်တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်းခုနှစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ်တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်းခုနှစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ သြဂုတ် ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်းခုနှစ်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းထံမှ သိရသည်။

သြဂုတ်လ ၂၀ ရက်နေ့ ၁၄၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ် များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ ထွန်းလှ(ခ)သံချောင်း မောင်းနှင်ပြီး ရဲလင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် ၎င်းတို့သယ်ဆောင် လာသော ခရီးဆောင် အိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၁ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၅၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၂၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထွန်းလှ(ခ)သံချောင်း (၅၈)နှစ် နှင့် ရဲလင်း(၃၂)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။