Trending Now

KNC ပါတီမှ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် တတ်နိုင်သလောက်လှူ ဒါန်းပေးနေ

Spread the love

KNC ပါတီမှ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် တတ်နိုင်သလောက်လှူ ဒါန်းပေးနေ

EPN
မြစ်ကြီးနား၊ မေ ၁၃

ကချင်ပြည်နယ် မြစ်ကြီနားမြို့နယ်ရှိ COVID- 19 ကပ်ရောဂါ ကြောင့် အမှန်တကယ်အခက်အခဲဖြစ်နေ သည့် ရပ်ကွက်နေ ပြည်သူများကို ကချင်အမျိုးသားကွန်ကရက် KNC ပါတီမှ တတ်နိုင်သလောက် လှူဒါန်းကူညီပေးလျက်ရှိနေကြောင်း ယင်းပါတီထံမှ သိရသည်။

KNC ပါတီမှ ဖွဲ့စည်းထားသည့် COVID-19 ကပ်ဘေးအကူအညီ ပေးရေးကော်မတီက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်နှင့် ကြက်ပေါင်ခြံတို့ရှိ အိမ်ထောင်စု ၂၆၀ ခန့်အတွက် ဆန်၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်၊ ဆား အစရှိသည့် စားသောက်ကုန်များကို ပထမဆုံးအကြိမ်ဖြစ် ပြီးခဲ့သည့် ဧပြီလအတွင်းက စတင် လှူဒါန်းခဲ့ကြောင်းသိရသည်။

“ မြေပြင်မှာသွားကြည့်တော့ တကယ်အခက်အခဲတွေအများကြီးပြန်တွေ့တယ်။ ဒီလိုအခက်အခဲတွေ ကူညီဖြေရှင်းမှဖြစ်မယ်လို့ ဆိုပြီး ကျနော်တို့ ပါတီကနေ ကော်မတီဖွဲ့ပြီး လုပ်ငန်းကိုလုပ်ဆောင်ရခြင်း ဖြစ်တယ်။ ကျနော်တို့ က Quaratine တွေကို ကူညီဖို့ဆိုပြီး ရပ်ကွက် သုံးလေးခုကို သွားပြီးမှ အုပ်ချုပ်ရေးမှူး တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ လိုအပ်ချက်တွေ အခက်အခဲတွေကို မေးပြီးတော့ စားသောက်ရေးတွေ အတော်လေး ခက်ခဲမှုရှိ တယ်ဆိုလို့ ကျနော်တို့က သူတို့စီက စာရင်းကောက်ပြီး ကျနော်တို့ တတ်နိုင်သ လောက်လေး ကူညီတယ် အိမ်ထောင်စုအနေနဲ့ ၂၀၀ကျော် ၃၀၀နီးပါ ကိုကူညီနိုင်ခဲ့တယ်” ဟု KNC ပါတီ တွဲဖက် အတွင်းရေးမှူး(၁) ဦးလဇိန်ဘရမ်အောင်က ပြောသည်။

ထို့နောက် ပါတီအနေဖြင့် Quaratine ဝင်နေသူများထဲမှ တကယ်ခက်ခဲနေသည့် သူများနှင့် သက်ကြီးရွယ်အိုများကို ဦးစားပေး၍ လှူဒါန်းပေးနေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် COVID-19 ကြောင့် အခက်အခဲဖြစ်နေသည့် ပြည်သူများနှင့် ကွာရန်တင်းဝင်ရောက်သူ များထဲမှ လုံးဝအခက်အခဲဖြစ်နေသူများကို မိမိတို့ ပါတီအနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။