Trending Now

ကိုဗစ်ကာလမှာ ကုသိုလ်ယူကြသူများ

Spread the love


ကိုဗစ်ကာလမှာ ကုသိုလ်ယူကြသူများ

EPN
ဆောင်းပါး၊ မေ ၂၆ (၂၀၂၀)

ကမ္ဘာ့တစ်ဝှမ်း ကိုဗစ်နိုင်တင်းကြောင့် လူပေါင်းမြောက်များစွာ ဘေးဒုက္ခရောက်ခဲ့ရသည်။ ကုမ္ပဏီ လုပ်ငန်းရှင် များပင်လျှင် အခက်ဒုက္ခိတွေ့စေခဲ့သည်။ အခြေခံလူတန်းစားများပင် ပြောစရာလိုမည် မထင်ပေ။

နဂိုကတည်းက နိုင်ငံချမ်းသားပြီးနိုင်ငံများတွင်မှာ အခက်အခဲမရှိသလောက်ဟုဆိုရသော်လည်း မြန်မာနိုင်ငံ အပါအဝင် ဆင်းရဲသည့် နိုင်ငံများတွင်မူ COVID-19 ကြောင့် အစိုးရများ ဘေးကြပ်နံကြပ်ပင် ဖြစ်စေ ခဲ့ရသည်။

မြန်မာနိုင်ငံတွင်မှာလည်း ပြည်သူလူထုများသည် COVID-19 ကပ်ရောဂါဂယက်ကို သုံးလထက်မနည်း ခံစားခဲ့ရသည်ဟု ဆိုရပေမည်။ အထူးသဖြင့် အဘက်ဘက်မှာ လိုအပ်ချက်မြောက်များစွာ ပြည့်နှက်နေ သည့် မြန်မာနိုင်ငံအတွင်းရှိ လူထုများ၌ COVID-19 လူနာသည် အခြားသော နိုင်ငံများလို များများစား စားမတွေ့ခဲ့ရခြင်းပင် အင်မတန်မှကို ကံကောင်းထောက်မသည်ဟု ဆိုရမှာပါ။

မြန်မာနိုင်ငံအတိုင်းအတာနေဖြင့် ယခုကဲ့သို့ ကပ်ရောဂါဆိုးဆိုရွားရွားမဖြစ်အောင် ကာကွယ်ထိန်းချုပ် နိုင်ခြင်းသည်လည်း ကောင်းသည့် လုပ်ရပ်ဖြစ်သည်။ ရောဂါထိန်းချုပ်ကာကွယ်နိုင်ခြင်းသည် အစိုးရ တစ်ရပ်တည်းနှင့် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

နိုင်ငံထဲရှိ ပြည်သူလူထုအား မိမိကျရာနေမှာ စွမ်းစွမ်း သမံပါဝင်ကြသလို ပြည်ပနိုင်ငံများက ရင်းနှီးမြှပ်နှံ လာကြသည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ကြောင့်လည်းပါဝင်နေသည်။

အထူးသဖြင့် ရင်းနှီးမြုပ်နှံသူများက ပါဝင်လှူဒါန်းမှုသည် သိပ်ကို ထိရောက်သည့် ပံ့ပူးမှုဖြစ်သည်ကို ယခု COVID-19 ဖြစ်ပွားမှုကာလအတွင်း တွေ့မြင်ခဲ့ရသည်။ ပြည်ပကုမ္ပဏီများနေဖြင့် လူမျိုး၊ ဘာသာ၊ လူတန်းစားမရွေး ကူညီထောက်ပံ့ပေးခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ ထောက်ပံ့ခြင်းအားဖြင့်အခြေခံ လူစားများအတွက်တော့ အင်မတန်မှကို ထိရောက်သည့် လုပ်ငန်း ဖြစ်သလို နတ်လူ သာဓုခေါ်ဆိုသည့် အလုပ်လည်းဖြစ်သည်။

အဆိုပါ ပြည်ပလုပ်ငန်းများရှင်များ အမြောက်အများရှိသည့်အနက်မှ သာဓကအနေဖြင့် ဖေါ်ပြလို သည်မှာ တရုတ်နိုင်ငံအခြေစိုက်  SPIC/ACHC ဖြစ်သည်။

ယင်းမိသားစု ကုမ္ပဏီမှ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ COVID-19 ကူးစက် ရောဂါနှင့် ပတ်သက်ပြီး ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးတွက် လိုအပ်သည့် ပစ္စည်းများလှူဒါန်းခြင်း၊ ဆေးဝါး ထောက်ပံ့ခြင်း၊ ပညာပေးခြင်း၊ ပံ့ပူးငွေများ ထောက်ပံ့ခြင်းအပြင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

SPIC/ACHC ကုမ္ပဏီအနေဖြင့် COVID-19 ကူးစက်ရောဂါ စတင်ဖြစ်ပွားသည့်၂၀၁၉ ဒီဇင်ဘာလ ကုန်မှစ၍ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်ကို ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် Coronavirus Crisis Committee ကိုဖွဲ့စည်းခဲ့ပြီး အစိုးရ၊ အဖွဲ့အစည်းများ၊ ပြည်သူထူ များနှင့် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ယင်းကုမ္ပဏီတာဝန်ရှိသူများ၏ ပြောကြားချက်အပြင် မီဒီယာများ၏ ဖေါ်ပြချက် များအရ သိရသည်။

အထူးသဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသော COVID-19 ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ် ရန်အသိပညာပေး လက်ကမ်းစာစောင်များကို ရုံးခန်းဧရိယာ အတွင်း လူမြင်ကွင်း နေရာများ တွင်ကပ်ထားခြင်း နှင့်ဝန်ထမ်းများအားလုံး လိုက်နာ ဆောင်ရွက်စေခြင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည်များ ပံ့ပိုးကူညီခဲ့သည်။

အဆိုပါ SPIC/ACHC ကုမ္ပဏီအနေဖြင့် COVID-19 ရောဂါ ကူးစက်မှုနှင့် ပတ်သက်၍ အသိပညာပေး နှိုးဆော်ချက် လက်ကမ်းစာစောင်များကို မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေပြီး ဝန်ကြီးဌာနများ၊ Stakeholder များ၊ ကုမ္ပဏီ၏ မိတ်ဖက် အဖွဲ့ အစည်းများ၊ စေသနာ့ဝန်ထမ်းများနှင့် ဝန်ထမ်းများအား ဖြန့်ဝေပေးခဲ့သည်။
အစိုးရတာဝန်ရှိသူများ၊ ဘာသာရေးကျောင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မိဘမဲကျောင်းများနှင့် ပြည်သူလူထုများ အတွက် COVID-19 ကူးစက်မှုကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် နေ့စဉ် အသုံးပြု ရမည့်ကိုယ် အပူချိန်တိုင်းကိရိယာ၊ အရက်ပြန်၊ လက်သန့်စင်ဆေးရည်နှင့် နှာခေါင်းစည်းများ၊ ပိုးသတ်ဆေးများ၊ ကာကွယ်ရေးဝတ်စုံများကို လှူဒါန်းပေးခဲ့သည်။
အရေအတွက်အားဖြင့် ဖေါ်ပြနိုင်ခြင်းမရှိသော်လည်း ကာကွယ်ရေးလုပ်ဆောင်ခဲ့ခြင်းသည် နည်းနည်း နှောနှောတော့ မဟုတ်ပေ။ COVID-19 ကူးစက်မှုကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ပြည်တွင်း လုပ်ငန်းရှင်များ၊ အဖွဲ့ အစည်းများ၊ ပါတီများ၊ အလှူရှင်များကလည်း ကူညီပါဝင်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ ယခုလို ထောက်ပံ့လှူဒါန်းပေးခြင်းများအားလုံးသည် လူသားချင်း စာနာခြင်း သဘောတရားမှ ဆင်းသက်ဖြစ် တည်လာသည့် ကုသိုလ်ဒါနလုပ်ငန်းများပင်ဖြစ်သည်မဟုတ်လော။

တစ်ချို့လုပ်ငန်းရှင်ကြီးများက လည်း ဥစ္စာပေါကြွယ်ဝနေသော်လည်း ကိုယ်နှင့် မသက်ဆိုင်သလို နေနိုင်ကြသည်။ နောက်ပြီး တစ်ချက်က မာနများ၊ အစွဲများကြောင့် မသိချင်ဆောင်ကြချင်လို့ ထင်မြင် ယူဆမိသည်။

SPIC/ACHC ကုမ္ပဏီမျိုးလို ပြည်ပလုပ်ငန်းရှင်များကတောင် အားတက်သရောပါဝင်နေသည့်အခိုက် မှာ ကိုယ့်လူမျိုးပီပီ ကူညီပါဝင်ကြဖို့လိုအပ်ပါသည်။ လူတိုင်းနုတ်ဖျားက ပြောနေကြသည့် ပရဟိတ ဟူ ဝေါဟာရကို အကောင်အထည်ဖေါ်ကြဖို့ တိုက်တွန်းချင်ပါသည်။ အပြောထက် လက်တွေ့လုပ်ဆောင်ပြ ရန်သည် အဓိကဖြစ်သည်။

အပြောနည်းပြီး လက်တွေ့လုပ်ဆောင်ကြခြင်းသည် ပရဟိတဆိုသည့် စိတ်ဓာတ်များ ရှင်သန်ကြီးထွား ကြစေလိုပါကြောင်း ဖေါ်ပြလိုက်ရပါသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။