Trending Now

တရုတ်နိုင်ငံမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ မိကျောင်း ၆၉ ကောင်ကို ပြန်လည်ဖမ်းဆီးရမိ

Spread the love

တရုတ်နိုင်ငံမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ မိကျောင်း ၆၉ ကောင်ကို ပြန်လည်ဖမ်းဆီးရမိ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် မွေးမြူရေးခြံကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ မိကျောင်း ၆၉ ကောင်ကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ မိကျောင်းတိုက်ခိုက်ခံရတဲ့ သတင်းမရရှိသေးဘူးလို့ အာဏာပိုင်တွေက ဒီနေ့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အခုလအစောပိုင်းက ဝင်ရောက်တိုက်ခတ်သွားတဲ့ တိုင်ဖွန်း ဟိုင်ခု မုန်တိုင်းကြောင့် အဆိုပါဒေသမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး မာအိုမင်မြို့မှာရှိတဲ့ စီးပွားဖြစ်မိကျောင်းမွေးမြူရေးခြုံက မိကျောင်းတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။

ဒေသဆိုင်ရာ အစိုးရက လူပေါင်း ၆၆၀၀ ကျော်ကို ဒီအဖြစ်အပျက်ကို တုံ့ပြန်ဖို့ စည်းရုံးခဲ့ပါတယ်။ စနေနေ့က မိကျောင်း ၄၀ ကို လယ်တွေအတွင်းက ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး အခြား ၂၉ ကောင်ကို အနီးနားမှာရှိတဲ့ ရေကန်တွေနဲ့ ရေလွှမ်းမိုးနေတဲ့ လယ်ကွင်းတွေထဲက ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အရွယ်မရောက်သေးတဲ့ မိကျောင်းကောင်အပါအဝင် မိကျောင်း ၇၁ ကောင်ကို မွေးမြူရေးခြံအတွင်းမှာ မွေးမြူခဲ့ကြောင်း ခြံပိုင်ရှင်က ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပြီး ထွက်ပြေးလွတ်မြောက်မသွားခင် မိကျောင်းနှစ်ကောင်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။