Trending Now

COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း လုံထန်နှင့် ချင်းရွှေဟော်မြို့တို့တွင် ၂၁ ရက် အသွားအလာကန့်သတ်ထားရှိခဲ့သူအချို့အား နေရပ်ပြန်လည်ပို့ဆောင်

Spread the love

COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း လုံထန်နှင့် ချင်းရွှေဟော်မြို့တို့တွင် ၂၁ ရက် အသွားအလာကန့်သတ်ထားရှိခဲ့သူအချို့အား နေရပ်ပြန်လည်ပို့ဆောင်

EPN
ရန်ကုန်၊ ဧပြီ ၂၉

COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်မြောက်ပိုင်း လုံထန်နှင့် ချင်းရွှေဟော်မြို့တို့တွင် ၂၁ ရက် အသွားအလာကန့်သတ်ထားရှိခဲ့သူအချို့အား နေရပ်ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း ကွမ်းလုံဒေသခံ ဦးကျော်ဇောက ပြောသည်။

“လုံထန်ကနေ Q ဝင်ပြီးတဲ့ ပြည်တော်ပြန် (၁၈၉)ယောက်က ပြန်ဆင်းလာတယ်။ ချင်းရွှေဟော်က ဒီနေ့ ၂၈ ရက်နေ့မနက်ဘဲ ကျား (၃၅)ယောက်၊ မ (၁၂)ယောက် စုစုပေါင်း (၄၇)ယောက်ကို ရက်ပြည့်လို့ နေရပ် ပြန်ပို့တယ်။ ချင်းရွှေဟော်ဘက် စုံစမ်းကြည့်တာတော့ ဒီရက်ပိုင်းကို လူ (၈၀၀၀)လောက် လာဖို့ရှိတယ်လို့ ပြောတယ်။ ဘယ်ရက်လာမယ်လို့တော့ အတိအကျမသိဘူး။ ကွမ်းလုံမှာ Q ဝင်နေတဲ့သူတွေကတော့ လာမယ့် ၁ ရက်နေ့က အားလုံးပြီးပြီ။”ဟု ၎င်းကပြောသည်။

ဆက်လက်၍ ဦးကျော်ဇောက “ချင်းရွှေဟော်ရော၊ ကွမ်းလုံရော က Q ထားဖို့အတွက် နေရာရော၊ ငွေကြေးရော အခက်အခဲလေးတွေ ရှိမယ်ထင်တယ်။ ကျွန်တော်တွေ့ကြုံရသလောက်က လူတစ်ယောက်ကို တစ်ရက် (၄၀၀၀) နဲ့ (၅၀၀၀)ကုန်ကျတာကိုး။ ထားဖို့ကလဲ တပ်ရယ်၊ စာသင်ကျောင်းရယ်ဘဲရှိတာ။ ဒီ ရာကျော်တဲ့လူတွေကို ဘယ်လိုထားမလဲ။”ဟု ပြောသည်။

အဆိုပါ တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများကို သတ်မှတ်စောင့်ကြည့်ရေးစင်တာများ ၌ ၂၁ ရက် စောင့်ကြည့်ခဲ့ရပြီး ၎င်းတို့၏ နေအိမ်၌ စောင့်ကြည့် ၇ ရက် (Home Quarantine)၊ ပေါင်း ၂၈ ရက် စောင့်ကြပ်ကြည့်ရှုခံရမည်ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၀)ဦး တွေ့ရှိပြီဖြစ်သည်။

ရာဇ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။