Trending Now

ဧရာဝတီတိုင်းမှာ စက်သုံးဆီ ၁ လီတာ ၂၇၀၀ အထိ ဈေးတက်လာပြီးမြို့နယ်အများစုမှာဆီပြတ်လပ်နေ

Spread the love

ဧရာဝတီတိုင်းမှာ စက်သုံးဆီ ၁ လီတာ ၂၇၀၀ အထိ ဈေးတက်လာပြီးမြို့နယ်အများစုမှာဆီပြတ်လပ်နေ

EPN
ဘိုကလေး၊ ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီးတွင် 92, 95 စက်သုံး ဆီများ ဆက်တိုက်ဆိုသလိုဈေးများမြှင့်တက်လာပြီး တစ်လီ တာလျှင် ငွေကျပ် ၂၇၀၀ အထိပေးဝယ်နေရကာဆီပြတ် လပ်မှုများလည်းဖြစ်ပွားနေကြောင်း ဒေသခံများထံမှ
သိရသည်။

“ကျုံပျော်ခရိုင်ဘက်မှာတော့ ဆီလုံးဝပြတ်သွားပြီ၊ဆိုင်ကြီးတွေ လုံးဝမရတော့ဘူး၊လမ်းဘေးဆိုင်တွေတော့ ၁ လီတာမပြည့်ဘူး ၂၇၀၀ ပေနေရတယ်၊မနည်းတောင်း ဝယ်ရတာ၊အရင်ကလို ကိုယ်ထည့်ချင်တဲ့ဆိုင်ဝယ်ထည့် လို့မရဘူး၊ ဆိုင်ကယ်လေးနဲ့ Delivery ပို့စားနေတာပါ၊ ဒီဆီဈေးနဲ့ဘယ်လိုရှေ့ဆက်ရမလဲ။”ဟုကျုံပျော်မြို့ခံ တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျုံပျော်မြို့နယ်အပြင် မအူပင် ၊ ဘိုကလေး ၊ ကျိုက်လတ်၊ ဟင်္သာတ၊မြန်အောင် ၊ မော်လမြိုင်ကျွန်း ၊ ဝါးခယ်မ ၊ ညောင်တုန်း ၊ ဇလွန် ၊ကျုံမငေး ၊ ဓနုဖြူ စသည့်မြို့နယ်များတွင်းလည်း စက်သုံး ဆီဈေးမြင့်တက်နေသည့်အပြင် အကန့်အသတ်နဲ့ဖြင့်သာ ဝယ်ယူနေရပြီး ဆိုင်ကယ်ကယ်ရီလုပ်ငန်းလုပ်ကိုင်သူ များလုပ်ငန်းရပ်နားလာရကြောင်း သိရသည်။

”ဆီပန့်ဆီဆိုင်အချို့မှာသာ ဝယ်ယူလို့ရနေပြီးတော့ ဆိုင်အချို့မှာတော့ စက်သုံးဆီတွေစတင် ပြတ်လတ်လာ နေတယ်၊ကျွန်တော်ဆို ကျွန်တော်တို့မြို့မှာ အသက်သာ ဆုံးနဲ့ တစ်ခါမှမပြတ်ဖူးတဲ့ ကျွန်တော်ဝယ်သုံးနေကျ ဆိုင် မှာဆီပြတ်နေလို့ အခြားဆိုင်တွေမှာလည်း ဈေးကတက်နေလို့ မနေ့ကစပြီး ကယ်ရီဆွဲတာရပ်ထားရတယ်၊ ရက်ရှည်လုပ်ငန်းရပ် ထားရင် မိသားစု မထင်းငတ်ဖို့ဘဲရှိတယ်။”ဟု ဘိုကလေးမြို့ခံ ကယ်ရီသမားတစ်ဦးပြောသည်။

ဧရာဝတီတိုင်း စက်သုံးဆီအရောင်းဆိုင်ကြီးတွင်သြဂုတ် ၈ ရက်မှ ၁၂ရက်အထိ 92 တစ်လီတာကို ငွေကျပ် ၂၆၅၅ နှင့် 95 တစ်လီတာကိုငွေကျပ် ၂၇၀၀ အထိ ဈေးတက်လာပြီးစက်သုံးဆီဈေးနှုန်းများတက်နေသည့် အပြင်အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ဆေးဝါးများ၊လျှပ်စစ်ပစ္စည်းများနှင့်လူသုံးပစ္စည်းများလည်းယခင်က ထက် ဈေးအဆမတန်မြင့်တက်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။