Trending Now

စနစ္တက် ၀န္ေဆာင္မႈေပးျခင္းအားျဖင့္ ျပည္သူမ်ားစိတ္ေက်နပ္မႈ ရရွိႏိုင္ၾကပါေစ

Spread the love

စနစ္တက် ၀န္ေဆာင္မႈေပးျခင္းအားျဖင့္ ျပည္သူမ်ားစိတ္ေက်နပ္မႈ ရရွိႏိုင္ၾကပါေစ
EPN
အယ္ဒီတာအာေဘာ္၊ စက္တင္ဘာ ၂၂
ကခ်င္ျပည္နယ္အစိုးရအဖြဲ႔ဝင္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနအေနျဖင့္ လာမည့္ ေအာင္တိုဘာလမွ စတင္ၿပီး ကခ်င္ျပည္နယ္အတြင္း ေဒသမ်ားမွာ ေဒသခံမ်ား၏ အိမ္ေထာင္စုႏွင့္ ႏုိင္ငံသား စိစစ္ေဆးကဒ္ျပားမ်ားကို ေျမျပင္ကြင္းဆင္း ေဆာင္ရြက္ေပးမည့္ အစီအစဥ္ကို လူထုအေနျဖင့္ ႀကိဳဆုိရမည္ ျဖစ္ပါသည္။
ကခ်င္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ၁၈ ၿမိဳ႕နယ္ရွိ ေတာင္ေပၚေဒသ ေက်းရြာေန ေဒသခံ အမ်ားစုသည္ အိမ္ေထာင္စု စာရင္းႏွင့္ ႏုိင္ငံသားစိစစ္ေရးကဒ္ျပား (မွတ္ပုံတင္) မရရွိေသးၾကသည္ ျဖစ္သည့္အတြက္ ယင္းေဒသခံမ်ားကုိ ယခုကဲ့သုိ႔ ေျမျပင္ ကြင္းဆင္းေဆာင္ရြက္မည္ဆုိလွ်င္ပင္ ပိုၿပီးဝမ္းသာစရာသတင္းေကာင္းျဖစ္ေပသည္ မဟုတ္ပင္ေလာ။
ယခုကဲ့သုိ႔ စီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးျခင္းသည္ လာမည့္ ၂၀၂၀ ပါတီစုံ ေရြးေကာက္ပြဲ၌ ျပည္သူလူထု အေနျဖင့္ မိမိႀကိဳက္ႏွစ္သက္ေသာ ပါတီမ်ား၊ ကုိယ္စားလွယ္ေလာင္းမ်ားကုိ မဲေပးႏုိင္ရန္အတြက္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း၊ ယင္းေရြးေကာက္ပြဲမတိုင္မီ မွတ္ပုံတင္မရရွိေသးသူမ်ားကို ရရွိႏိုင္ေအာင္ ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း ကိုလဲ သိရသည္။
မည္သည့္ ႏုိင္ငံမွာမဆုိ အေထြေထြေရြးေကာက္ပြဲတုိင္းမွာ ႏုိင္ငံသားစိစစ္ေရးကဒ္ျပားကိုင္ေဆာင္ထား သူတိုင္း မဲေပးပိုင္ခြင့္ရွိေနသည္ျဖစ္သည့္အတြက္ ျမန္မာႏုိင္ငံမွာလည္း မိိမိႀကိဳက္ႏွစ္သက္သည့္ ပါတီ၊ ပုဂၢိဳလ္ကို မဲေပးႏုိင္ရန္အတြက္ ႏိုင္ငံသားမွန္လွ်င္ ႏိုင္ငံသားအခြင့္အေရးအရ အိမ္ေထာင္စုစာရင္း ႏွင့္ မွတ္ပုံတင္ ရရွိထားရမည္ျဖစ္သည္။
ဒါေၾကာင့္ ယခု အစုိးရဌာနမွ လုပ္ေဆာင္ေပးမည့္ စီမံခ်က္သည္ တကယ္ေျမျပင္ကို ကြင္းဆင္း၍ ထိထိ ေရာက္ေရာက္ေဆာင္ရြက္ေပးရန္ လိုအပ္ၿပီး အစိုးရအေပၚမွာ နာမည္ေကာင္းရရွိေစခ်င္သည့္ ဆႏၵတစ္ ခုအရ လုပ္ေဆာင္ေပးျခင္းမ်ိဳး မဟုတ္ရန္ အေရးႀကီးသည္။ ဤေနရာမွာ အစုိးရဌာနမ်ားႏွင့္ လက္လွမ္းမီေသာ ၿမိဳ႕ေပၚမွာသာ ဟန္ျပလုပ္ေဆာင္ျခင္းမဟုတ္ဘဲ လမ္းပန္းဆက္သြယ္ေရး ခက္ခဲေနသည့္ ေတာင္ ေပၚေက်းရြာမ်ားတြင္လည္း အားစိုက္ေဆာင္ရြက္သင့္ေပသည္။
လက္ရွိ အခ်ိန္ကာလအထိ ေတာင္ေပၚေက်းလက္ျပည္သူမ်ားမွာ အိမ္ေထာင္စုႏွင့္ မွတ္ပုံမရရွိေသး ေသာသူမ်ား မေရမတြက္ႏုိင္ေအာင္ ရွိေနေသးသည္။ ယင္းအိမ္ေထာင္စုႏွင့္ မွတ္ပုံတင္မ်ားကို ေဆာင္ ရြက္ရန္ သက္ဆုိင္ရာ လဝကဌာနမ်ားသို႔ သြားေရာက္လုပ္ေဆာင္ရာတြင္လည္း စာရြက္၊ စာတမ္း ေထာက္ခံစာမ်ား မျပည့္စုံသည္ဟုဆိုကာ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးေၾကာင့္ အခက္အခဲ မ်ားစြာ ရွိေနေသးေၾကာင္း ေလ့လာေတြ႕ရွိရသည္။
ထို႔ေၾကာင့္ ယခုလို ျပည္သူလူထုအေပၚမွာ ေစတနာထားလုပ္ေဆာင္ေပးသည့္ အစိုးရအဖြဲ႔အစည္းမ်ား ပီပီ ေအာက္ေျခဝန္ထမ္းမ်ားကိုလည္း စနစ္တက် ၾကပ္မတ္ေပးျခင္းျဖင့္ ျပည္သူမ်ား လိုအပ္ေနသည့္ လိုအပ္ခ်က္ကို လူထုစိတ္ေက်နပ္မႈရရွိသည့္တုိင္ေအာင္ အေကာင္းဆုံး ႀကိဳးစား ေဆာင္ရြက္ ေပးေစလုိေၾကာင္း ဆႏၵျပဳရင္း ေရးသားတင္ျပလုိက္ရပါသည္။
အယ္ဒီတာ
ထာဝရၿငိမ္းခ်မ္းေရးသတင္းကြန္ရက္
Eternally Peace News Network (EPN)
————————————————————————————-
စနစ်တကျ ဝန်ဆောင်မှုပေးခြင်းအားဖြင့် ပြည်သူများစိတ်ကျေနပ်မှု ရရှိနိုင်ကြပါစေ

EPN
အယ်ဒီတာအာဘော်၊ စက်တင်ဘာ ၂၂

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအနေဖြင့် လာမည့် အောင်တိုဘာလမှ စတင်ပြီး ကချင်ပြည်နယ်အတွင်း ဒေသများမှာ ဒေသခံများ၏ အိမ်ထောင်စုနှင့် နိုင်ငံသား စိစစ်ဆေးကဒ်ပြားများကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးမည့် အစီအစဉ်ကို လူထုအနေဖြင့် ကြိုဆိုရမည် ဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ်ရှိ တောင်ပေါ်ဒေသ ကျေးရွာနေ ဒေသခံ အများစုသည် အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) မရရှိသေးကြသည် ဖြစ်သည့်အတွက် ယင်းဒေသခံများကို ယခုကဲ့သို့ မြေပြင် ကွင်းဆင်းဆောင်ရွက်မည်ဆိုလျှင်ပင် ပိုပြီးဝမ်းသာစရာသတင်းကောင်းဖြစ်ပေသည် မဟုတ်ပင်လော။

ယခုကဲ့သို့ စီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းသည် လာမည့် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲ၌ ပြည်သူလူထု အနေဖြင့် မိမိကြိုက်နှစ်သက်သော ပါတီများ၊ ကိုယ်စားလှယ်လောင်းများကို မဲပေးနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယင်းရွေးကောက်ပွဲမတိုင်မီ မှတ်ပုံတင်မရရှိသေးသူများကို ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကိုလဲ သိရသည်။

မည်သည့် နိုင်ငံမှာမဆို အထွေထွေရွေးကောက်ပွဲတိုင်းမှာ နိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ဆောင်ထား သူတိုင်း မဲပေးပိုင်ခွင့်ရှိနေသည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှာလည်း မိမိကြိုက်နှစ်သက်သည့် ပါတီ၊ ပုဂ္ဂိုလ်ကို မဲပေးနိုင်ရန်အတွက် နိုင်ငံသားမှန်လျှင် နိုင်ငံသားအခွင့်အရေးအရ အိမ်ထောင်စုစာရင်း နှင့် မှတ်ပုံတင် ရရှိထားရမည်ဖြစ်သည်။

ဒါကြောင့် ယခု အစိုးရဌာနမှ လုပ်ဆောင်ပေးမည့် စီမံချက်သည် တကယ်မြေပြင်ကို ကွင်းဆင်း၍ ထိထိ ရောက်ရောက်ဆောင်ရွက်ပေးရန် လိုအပ်ပြီး အစိုးရအပေါ်မှာ နာမည်ကောင်းရရှိစေချင်သည့် ဆန္ဒတစ် ခုအရ လုပ်ဆောင်ပေးခြင်းမျိုး မဟုတ်ရန် အရေးကြီးသည်။ ဤနေရာမှာ အစိုးရဌာနများနှင့် လက်လှမ်းမီသော မြို့ပေါ်မှာသာ ဟန်ပြလုပ်ဆောင်ခြင်းမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသည့် တောင် ပေါ်ကျေးရွာများတွင်လည်း အားစိုက်ဆောင်ရွက်သင့်ပေသည်။

လက်ရှိ အချိန်ကာလအထိ တောင်ပေါ်ကျေးလက်ပြည်သူများမှာ အိမ်ထောင်စုနှင့် မှတ်ပုံမရရှိသေး သောသူများ မရေမတွက်နိုင်အောင် ရှိနေသေးသည်။ ယင်းအိမ်ထောင်စုနှင့် မှတ်ပုံတင်များကို ဆောင် ရွက်ရန် သက်ဆိုင်ရာ လဝကဌာနများသို့ သွားရောက်လုပ်ဆောင်ရာတွင်လည်း စာရွက်၊ စာတမ်း ထောက်ခံစာများ မပြည့်စုံသည်ဟုဆိုကာ အကြောင်းပြချက် အမျိုးမျိုးကြောင့် အခက်အခဲ များစွာ ရှိနေသေးကြောင်း လေ့လာတွေ့ရှိရသည်။

ထို့ကြောင့် ယခုလို ပြည်သူလူထုအပေါ်မှာ စေတနာထားလုပ်ဆောင်ပေးသည့် အစိုးရအဖွဲ့အစည်းများ ပီပီ အောက်ခြေဝန်ထမ်းများကိုလည်း စနစ်တကျ ကြပ်မတ်ပေးခြင်းဖြင့် ပြည်သူများ လိုအပ်နေသည့် လိုအပ်ချက်ကို လူထုစိတ်ကျေနပ်မှုရရှိသည့်တိုင်အောင် အကောင်းဆုံး ကြိုးစား ဆောင်ရွက် ပေးစေလိုကြောင်း ဆန္ဒပြုရင်း ရေးသားတင်ပြလိုက်ရပါသည်။

အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network (EPN)
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။