Trending Now

မြန်မာနိုင်ငံက အကျဉ်းသားတွေ ထပ်ပြီး ကွပ်မျက်ရင် သဘောတူထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ပြောင်းလဲလုပ်ဆောင်ရလိမ့်မယ်လို့ ဟွန်ဆန်သတိပေး

Spread the love

မြန်မာနိုင်ငံက အကျဉ်းသားတွေ ထပ်ပြီး ကွပ်မျက်ရင် သဘောတူထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ပြောင်းလဲလုပ်ဆောင်ရလိမ့်မယ်လို့ ဟွန်ဆန်သတိပေး

EPN
နိုင်ငံတကာ၊ သြဂုတ် ၄

မြန်မာနိုင်ငံက အကျဉ်းသားတွေ ထပ်ပြီး ကွပ်မျက်ရင် သဘောတူထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ပြောင်းလဲလုပ်ဆောင်ရလိမ့်မယ်လို့ ဖနောင်ပင်မြို့တော်မှာကျင်းပြုလုပ်ခဲ့တဲ့ ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောဆိုခဲ့ပါတယ်။

“အကျဉ်းသားတွေ ကွပ်မျက်မှုပိုများလာရင် ကျွန်တော်တို့ သဘောတူထားတဲ့ ဆီယံရဲ့ သဘောတူညီချက် ငါးရပ်ပါ အခန်းကဏ္ဍကို ပြန်စဉ်းစားဖို့ ဖိအားပေးရမှာပါ” လို့ အာဆီယံရဲ့ လက်ရှိ ဥက္ကဌ ဖြစ်တဲ့ ဟွန်ဆန်က ပြောဆိုခဲ့ပါတယ်။

နောက်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့နိုင်ဖို့အတွက် သေဒဏ်ပေးတာတွေကို ပြန်စဉ်းစားဖို့ အဆီယံအဖွဲ့တွေက တောင်းဆိုခဲ့ပေမယ့် န.စ.က က ကြိုးပေးကွက်မျက်ခဲ့တဲ့ပေါ် စိတ်ပျက်မိတယ်လို့လည်း ဟွန်ဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် သေဒဏ်တွေကို ပြန်လည်စဉ်း စားဖို့ ကျွန်တော်နဲ့ အခြားသူတွေရဲ့ မေတ္တာရပ်ခံချက်တွေရှိပေမယ့် အတိုက်အခံ တက်ကြွလှုပ်ရှား သူတွေကို ကြိုးပေးကွက်မျက်လိုက်တာဟာ ကမ္ဘောဒီးယားနဲ့ အာဆီယံနိုင်ငံတွေက အလွန်အမင်းစိတ်ပျက် ရပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ အာဆီယံ ဘုံသဘောတူညီချက်ကို ဖော်ဆောင်ရာမှာ အနည်းငယ်သာ အောင်မြင်မှုရှိခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် မချမှတ်မီအချိန်ထက် နိုင်ငံရဲ့ အခြေအနေက ပိုဆိုးလာနေတယ်လို့ ဝန်ကြီချုပ်ဟွန်ဆန်က ပြောပါတယ်။

ဒါ့အပြင် အတိုက်အခံ အကျဉ်းသားလေးဦးကို ကွက်မျက်လိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ပိုဆိုးလာနေကြောင်း ဟွန်ဆန်က ပြောဆိုခဲ့ပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။