Trending Now

ချင်းပြည်နယ်COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ၊ ပညာပေးလက်ကမ်းစာစောင်ပိုစတာများလှူဒါန်း

Spread the love

ချင်းပြည်နယ်COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ၊ ပညာပေးလက်ကမ်းစာစောင်ပိုစတာများလှူဒါန်း

EPN
ကလေး၊ ဧပြီ ၂၁

ချင်းပြည်နယ်COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Dr.SaSa ဦးဆောင်သော Health and Hope(မြန်မာ)မှ ဧပြီ ၂၀ ရက်နေ့ညနေ ၄ နာရီ အချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ငွေကျပ်သိန်းပေါင်း နှစ်ထောင်ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ၊ ပညာပေးလက်ကမ်းစာစောင်ပိုစတာများလှူဒါန်းခဲ့ကြသည်။

ချင်းပြည်နယ်အတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလ အတွင်း အသုံးပြုနိုင်ရန် ငွေကျပ် သိန်းပေါင်းနှစ်ထောင့်တစ်ရာခြောက်ဆယ်ကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ငွေကျပ်သိန်းတစ်ရာ တန်ဖိုးရှိ ချင်းတိုင်းရင်းသား ဘာသာ၊ မြန်မာဘာသာ တို့ဖြင့်ပုံနှိပ်ထားသည့် ပညာပေး လက်ကမ်းစာစောင်များ၊ပိုစတာများကို ပေးအပ်လှူဒါန်းရာ ချင်းပြည်နယ်COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

“Health and Hope Dr.SaSa ဦးဆောင်တဲ့အဖွဲ့ကနေပြီးတော့ ကျွန်တော်တို့အစိုးရအဖွဲ့ဆီလာပြီး ကျန်းမာရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေ၊ကိုရိုနာဗိုင်းရပ်ကို ဒါရိုက်အကျိုးပြုတဲ့ဟာတွေရှိနိုင်တယ်။ အခြားမြို့နယ်တွေမှာ သုံးလို့ရမယ့်ပစ္စည်းတွေရှိနိုင်တယ်။သူတို့ရဲ့Projectကတော့ ဆင်းရဲနွမ်းပါးတဲ့ရွာပေါင်း ၁၄၀ လောက်ကိုထောက်ပံ့ဖို့ အတွက် ရည်ရွယ်ပြီး လှူဒါန်းတာဖြစ်ပါတယ်”ဟုချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ဆိုခွင့်ရှိသူစည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် Dr.SaSa ဦးဆောင်သော Health and Hope(မြန်မာ)မှ လှူဒါန်းသည့် ဆေးနှင့် ဆေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ချင်းတိုင်းရင်းသားဘာသာ၊ မြန်မာဘာသာ တို့ဖြင့်ပုံနှိပ်ထားသည့် ပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများကို သက်ဆိုင်ရာ တိုက်နယ်ဆေးရုံများအပါအဝင် ဆေးရုံများနှင့် ချင်းပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၄၀)အား အချိန်နှင့်တပြေးညီ ဆက်လက်ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သူရိယထက်
ဓာတ်ပုံ – ဟားခါးပြန်ဆက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။