Trending Now

ပူတာအိုမြို့နယ် လီဆူရိုးရာကော်မတီဝင်း အဝင် မုဒ်ဦးကို လီဆူတိုင်းရင်းသားရေးရာဝန်ကြီးက လှူဒါန်းပေး

Spread the love

ပူတာအိုမြို့နယ် လီဆူရိုးရာကော်မတီဝင်း အဝင် မုဒ်ဦးကို လီဆူတိုင်းရင်းသားရေးရာဝန်ကြီးက လှူဒါန်းပေး

EPN
ပူတာအို၊ မတ် ၂၄

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီရုံးဝင်း၏ အဝင်မုဒ်ဦးတည် ဆောက်နိုင်ရန်အတွက် ပန္နက်ရိုက် ဆုတောင်းခြင်းအစီအစဉ်ကို မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်၊ လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီရုံးဝင်းနေရာတွင် ပြု လုပ်ခဲ့သည်။

အဆိုပါ ပူတာအိုမြို့နယ် လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီရုံး အဝင်မုဒ်ဦး ပန္နက်ရိုက်ဆု တောင်းခြင်းအစီအစဉ်သို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်၊ ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ဆရာတော် ၈ပါး၊ ကချင်ပြည်နယ် လီဆူစာပေနှင့် ရိုးရာ ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးနှင့် ပူတာအိုမြို့နယ် လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မုဒ်ဦးအဝင်အပေါက်ကို လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မုဒ်ဦးမှာ အမြင့် ၁၆ပေ၊ အကျယ် ၃၄ ပေရှိပြီး ဘေးနှစ်ဘက်၌ လူဝင်ပေါက်သီးသန့်ပါလျှက် လီဆူဒူးလေးပုံ ဒီဇိုင်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။